DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ ကျင့်သုံးပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၀ ကျော် သတ်ဖြတ်ခံရ
DVB
·
July 4, 2025
စစ်မှုထမ်းဥပဒေ ကျင့်သုံးပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၀ ကျော် သတ်ဖြတ်ခံရ
Donate to DVB

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း တပ်သားသစ်စုဆောင်းတာနဲ့ ငွေကြေးတောင်းခံတဲ့ နိုင်ငံတဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၁၉ ယောက်အထိ သတ်ဖြတ်ခံထားရတယ်လို့ DVB က လက်လှမ်းမီသလောက် စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေအထဲမှာ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးနဲ့ ရုံးစာရေးတွေပါဝင်ပြီး စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကျင့်သုံးတဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင်လအထိ ကောက်ယူထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်ရှိန်နဲ့ ဆိပ်ဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှနိုင်တို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဦးမြင့်ရှိန်ဟာ စစ်တပ်အတွက် အဓိက အလုပ်လုပ်ပေးနေသူ တယောက်ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေလည်း လုပ်ဆောင်နေသူလို့ ကော့သောင်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

"သူက ပေါ်တာဆွဲတာလည်း ပါတယ်။ ကင်းလှည့်ရင်လည်း ရဲတွေ စစ်သားတွေနဲ့ အတူတူပါတယ်။ တကယ့်ကို စစ်တပ်ရဲ့ အကြီးစားပျူစောထီးပဲ။ ရပ်ကွက်မှာလည်း လူပါးဝလွန်းလို့ သူ့ကိုမကြည်တဲ့ သူတွေပဲ။ အိမ်ပေါ်အထိကို စစ်သားစုဆောင်းတဲ့သူ။ မူးယစ်ဆေးဝါးလည်း သူကိုယ်တိုင်လည်း သုံးတယ်။ အပြင်ကိုလည်း ဖြန့်တယ်။"

ကော့သောင်း ပကဖ ကလည်း စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ဦးမြင့်ရှိန်နဲ့ ဦးလှနိုင်တို့ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဇူလိုင် ၄ ရက် ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဥ် ၁ ကနေ အပတ်စဥ် ၅ အထိ စစ်သားစုဆောင်းခံရသူ ၂၁,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013