DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်နိုင်ငံ ပါရီမြို့တော် အဝေးပြေးလမ်းများပေါ်တွင် လယ်သမားများ ဆန္ဒပြ
DVB
·
May 27, 2025
ပြင်သစ်နိုင်ငံ ပါရီမြို့တော် အဝေးပြေးလမ်းများပေါ်တွင် လယ်သမားများ ဆန္ဒပြ
Donate to DVB

လယ်ယာစိုက်ပျိုးရေးဥပဒေသစ် ပြဋ္ဌာန်းဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ လယ်သမားတွေက ပြင်သစ်မြို့တော် ပါရီနားက အဝေးပြေးလမ်းတွေကို ပိတ်ဆို့ဆန္ဒပြနေကြပါတယ်။

ရေနဲ့ ပိုးသတ်ဆေးလို ကိစ္စရပ်တွေအတွက် ပြင်သစ်လယ်သမားများဆိုင်ရာ စည်းမျဉ်းတချို့ကို ဖြေလျှော့ဖို့ ရည်ရွယ်ပြီး လွှတ်တော်မှာ မေ ၂၆ ရက် မွန်းလွဲပိုင်းက စတင်ဆွေးနွေးနေပါတယ်။

ဆွေးနွေးချက်တွေက အပြင်းအထန် အပြိုင်အဆိုင်ဖြစ်ဖို့ မျှော်လင့်ရပြီး လယ်သမားတွေရဲ့ ဆန္ဒပြပွဲက လွှတ်တော်အမတ်တွေကို ထောက်ခံဖို့ ရည်ရွယ်ထားပါတယ်။

လယ်သမားတွေအပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမယ့် ဥပဒေမူကြမ်းကို အထက်လွှတ်တော်က အတည်ပြုပြီးတဲ့နောက် အောက်လွှတ်တော်မှာ အမတ်တွေက ပြင်ဆင်ချက်မထည့်ဘဲ အတည်ပြုဖို့ မေ ၂၆ ရက်က အမျိုးသားလွှတ်တော် အပြင်ဘက်မှာ  ဆန္ဒပြခဲ့ကြတာပါ။

အမျိုးသားညီလာခံမှာ လွှတ်​တော်အမတ်တွေက ဥပဒေမူကြမ်းကို စပြီး စကားရည်လု ဆွေးနွေးပြီဖြစ်လို့ လယ်သမားလူငယ်များသမဂ္ဂ JA နဲ့ အမျိုးသား လယ်သမားများအသင်းချုပ် (FNSEA) တို့က ဆော်ဩခဲ့တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းဟာ စည်းမျဉ်းတွေကို လယ်သမားတွေ လိုက်နာရလွယ်အောင်လုပ်ပြီး ပြင်သစ် လယ်ယာလုပ်ငန်းကို ပိုပြီး အပြိုင်အဆိုင် ရှိစေလိမ့်မယ်လို့ FNSEA က ပြောပါတယ်။

ဂရင်းစ်ပါတီနဲ့ လက်ဝဲယိမ်း ဦးမညွတ်တဲ့ ပြင်သစ်ပါတီ (LFI) တို့က ဥပဒေပြုအမတ်တွေက လယ်သမားတွေကို အကူအညီမပေးမယ့် နည်းလမ်းတွေနဲ့ ဥပဒေကြမ်းကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“အလေးအနက်ထားပြီး ရပ်တည်ချက်အတိုင်း မဲပေးဖို့ ကျနော်တို့ လွှတ်တော်အမတ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုနေပါတယ်” လို့ သူက ပြောပါတယ်။

အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေကို သုံးစွဲခွင့်ပြန်ပေးပြီး ဇီဝမျိုးစုံ မျိုးကွဲတွေနဲ့ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အကြီးစားစက်မှုလယ်ယာများဆိုင်ရာ စည်းမျဉ်းတွေကို ဖြေလျှော့ခြင်းဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အားနည်းစေတယ်လို့ LFI နဲ့ Greens ပါတီတို့က ဥပဒေပြုအမတ်တွေက ငြင်းခုံနေကြပါတယ်။

လယ်သမားတွေဟာ စျေးပေါတဲ့ သွင်းကုန်တွေ၊ ဝင်ငွေနည်းပါးမှုတွေကနေ သူတို့ရဲ့ ထုတ်ကုန်တွေအတွက် ယှဉ်ပြိုင်ရတာနဲ့ ဗျူရိုကရေစီစနစ်တို့ကို ကန့်ကွက်ဖို့ ပြင်သစ်နဲ့ ဥရောပက တခြားဒေသတွေမှာ ၂၀၂၄ ခုနှစ်ကစပြီး ပုံမှန် ဆန္ဒပြခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013