DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်နှင့် EU ကြား ခေတ်သစ်တခု ဖြစ်လာဟု ဝန်ကြီးချုပ် စတာမာ ပြော
DVB
·
May 20, 2025
ဗြိတိန်နှင့် EU ကြား ခေတ်သစ်တခု ဖြစ်လာဟု ဝန်ကြီးချုပ် စတာမာ ပြော
Donate to DVB

ဗြိတိန်နိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) တို့ဟာ ကာကွယ်ရေးနဲ့ ကုန်သွယ်မှု သဘောတူညီမှုတွေရပြီး ခေတ်သစ်တခု ဖြစ်လာကြောင်း ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။

ဗြိတိန်နိုင်ငံဟာ EU ကနေ နုတ်ထွက်ပြီးနောက်ပိုင်း သဘောတူညီမှုတွေ ပြန်ရခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကမ္ဘာ့ကုန်သွယ်မှုတွေ ကမောက်ကမဖြစ်အောင် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံနဲ့ EU အဖွဲ့တို့ ပထမဆုံး ထိပ်သီးအစည်းအဝေးပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် စတာမာက“ဒါက ဗြိတိန်နဲ့ EU တို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးပွဲပါ။ ဒါဟာ ကျနော်တို့ ဆက်ဆံရေးအတွက် ခေတ်သစ်အမှတ်အသားတခုပါပဲ။ ဒီသဘောတူညီချက်က Win-Win ‌အခြေအနေပါပဲ” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဟာ EU ကနေ နုတ်ထွက်ဖို့ ၂၀၁၆ ဇွန် ၂၃ ရက်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ၅၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်မှာ EU ကနေ အပြီးသတ်နုတ်ထွက်ခဲ့တာ တွေ့ရပါတယ်။

ဥရောပရဲ့ ဒုတိယ ကာကွယ်ရေးအသုံးစရိတ် အများဆုံးအသုံးပြုနေတဲ့ ဗြိတိန်နိုင်ငံဟာ EU ကနေ နုတ်ထွက်ဖို့ ဆန္ဒခံယူပွဲအပြီး ၉ နှစ်အကြာမှာ EU နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ဗြိတိန်ရဲ့ အစားအသောက်၊ လည်ပတ်သူတွေ ဥရောပကို အလွယ်တကူ ကူးသန်းမှုနဲ့ လည်ပတ်ဖို့ သဘောတူခဲ့သလို အငြင်းပွားဖွယ် ငါးဖမ်းခွင့် စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဗြိတိန်နဲ့ EU အဖွဲ့တို့ဟာ ငါးဖမ်းခြင်း၊ ကုန်သွယ်ခြင်း၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ မူဝါဒပိုင်းဆိုင်ရာ အားဖြည့်မှုတွေ ပြုလုပ်ဖို့ သဘောတူညီတွေ ရခဲ့တာပါ။

အဲဒီထဲမှာ ဗြိတိန်ရေပိုင်နက်အတွင်း ၁၂ နှစ်ကြာ ဥရောပငါးဖမ်းလှေတွေ ငါးဖမ်းခွင့်ကလည်း အဓိကအချက်တခုအဖြစ် ပါဝင်ခဲ့ပြီး ဒီခွင့်ပြုချက်နဲ့ တခြားကုန်သွယ်မှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့တာပါ။

ဥရောပကော်မရှင်ဥက္ကဋ္ဌကလည်း ဗြိတိန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်မယ့် အကြောင်းတွေကို တနင်္လာနေ့က သဘောတူခဲ့တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

EU ဥက္ကဋ္ဌ ဗွန်ဒါလေယန်က“ဒီနေ့ ကမ္ဘာကို အသိပေးချင်တာက ဒီအချိန်က တကမ္ဘာလုံး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်ပါပဲ။ ကျမတို့ရဲ့ တိုက်ကြီးဟာ မျိုးဆက်တလျှောက် အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရချိန်မှာ ဥရောပနိုင်ငံအားလုံး အတူတူ ရင်ဆိုင်ကြမှာပါ” လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ဟာ မေ ၁၉ ရက်မှာ EU နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေး ထားရှိတဲ့အပေါ် လန်ဒန်မြို့ခံတွေက အပြုသဘောဆောင်တဲ့ သဘောထားတွေ ထားရှိကြပါတယ်။

EU အစုအဖွဲ့ကနေ ဗြိတိန်ကထွက်ဖို့ မဲခွဲဆုံးဖြတ်ပြီး ၉ နှစ်နီးပါးအကြာမှာ ဥရောပမှာ ဒုတိယအကြီးဆုံး ကာကွယ်ရေးအသုံးစရိတ် သုံးတဲ့နိုင်ငံဖြစ်တဲ့ ဗြိတိန်ဟာ ပူးတွဲဝယ်ယူရေး စီမံကိန်းတွေမှာ ပါဝင်မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက အစားအသောက်နဲ့ ခရီးသွားဧည့်သည်တွေ EU ကိုရောက်ရှိရေး ပိုလွယ်စေဖို့ နှစ်ဖက်သဘောတူခဲ့ကြပြီး အငြင်းပွားဖွယ်ရာ ငါးဖမ်းလုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်အသစ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လန်ဒန်သားတယောက်က “သဘောတူညီချက်က ဗြိတိန်အတွက် ကောင်းတယ်လို့ လန်ဒန်မြို့တော်က ခရီးသည်အများအပြားက ယူဆတယ်။ EU နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ထောက်ခံခဲ့ကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ၂၀၁၆ ခုနှစ်မှာ ဥရောပသမဂ္ဂကနေထွက်ဖို့ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုသင့်တယ်လို့ ယူဆတယ်” လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013