DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စီးပွားရေး ကျဆင်းလာပြီးနောက် အချိန်အနည်းငယ်ပေးရန် လိုအပ်ဟု ထရမ့်ပ် ပြော
DVB
·
May 1, 2025
အမေရိကန်စီးပွားရေး ကျဆင်းလာပြီးနောက် အချိန်အနည်းငယ်ပေးရန် လိုအပ်ဟု ထရမ့်ပ် ပြော
Donate to DVB

၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်စီးပွားရေးဟာ အဆိုးရွားဆုံး ၃ လပတ်နဲ့ ကြုံတွေ့​ခဲ့ရပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မူဝါဒအပြောင်းအလဲကြောင့် စီးပွားရေးဆုတ်ယုတ်နိုင်ခြေအပေါ်  စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ နှစ်အလိုက် နှုန်းထားအရ နိုင်ငံ့စီးပွားရေးဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းကနေ ၀ ဒသမ ၃ ရာခိုင်နှုန်းကို ကျဆင်းသွားတယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါဟာ စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားခဲ့တဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းထက် ပိုမိုဆိုးရွားခဲ့တာ ဖြစ်သလို ပြည်တွင်းစတော့ဈေးတွေလည်း ဆက်လက်ကျဆင်းနေပါတယ်။

၂၀၂၅ ပထမ ၃ လပတ်အတွင်း အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

GDP ဆိုတာက နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်စည်နဲ့ ဝန်ဆောင်မှုအားလုံးရဲ့  စုစုပေါင်းပမာဏကို တိုင်းတာတာဖြစ်ပြီး ရာသီအလိုက် အပြောင်းအလဲနဲ့ ငွေကြေးဖောင်းပွမှု အပေါ် ညှိယူရလေ့ရှိပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးကို ပြောင်းလဲပုံဖော်နေတဲ့ ထရမ့်ပ်ရဲ့ ကြိုးပမ်းမှုဟာ ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု မြင့်တက်စေနိုင်တဲ့အပြင် စီးပွားရေးဆုတ်ယုတ်မှု (Recession) ပါ ဖြစ်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

Recession စီးပွားရေးဆုတ်ယုတ်မှုကို သတ်မှတ်တဲ့ပုံစံကတော့ သုံးလပတ် ၂ ခုဆက်တိုက် GDP ကျဆင်းတဲ့အခါမျိုးမှာ ဖြစ်ပြီး အဲဒီအခြေအနေအထိတော့ မရောက်သေးဘူးလို့ ဆိုရမှာပါ။

၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျုံ့သွားချိန်မှာ ထရမ့်ပ်က “အချိန်နည်းနည်းပေးဖို့” လိုအပ်တယ်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ထရမ့်ပ်ရဲ့ သွင်းကုန်ခွန်တိုးမြှင့်ရေးရက် မတိုင်ခင်မှာ သက်ဆိုင်ရာကုမ္ပဏီတွေက ကုန်စည်တွေကို ကြိုတင်သိုလှောင်နေတဲ့အလျောက် အဲဒီကိန်းဂဏန်းတွေဟာ အထင်အမြင် လွဲစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ရဲ့ သွင်းကုန် ၄၁ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ပို့ကုန် ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိနေချိန် သွင်းကုန်က ပို့ကုန်ထက် ပိုများနေတဲ့အခါ GDP ကို ကျဆင်းစေပါတယ်။

ADP ဝန်ထမ်းရေးရာကုမ္ပဏီရဲ့ အစီရင်ခံချက်အရတော့ မတ်လမှာ အလုပ်အကိုင် ဖန်တီးမှုပေါင်း ၁၄၇,၀၀၀ ရှိခဲ့ရာကနေ ဧပြီလမှာ ၆၂,၀၀၀ ကို လျော့ကျသွားပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန်စီးပွားရေး ဆုတ်ယုတ်မှု (Recession) ကို နောက်ဆုံးဖြစ်ပေါ်စေခဲ့ပြီး အချိန် ၂ လသာ ကြာမြင့်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013