DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအား စောင့်ကြည့်ရန် အာဏာသိမ်းဒုခေါင်းဆောင် ညွှန်ကြား
DVB
·
March 22, 2025
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအား စောင့်ကြည့်ရန် အာဏာသိမ်းဒုခေါင်းဆောင် ညွှန်ကြား
Donate to DVB

ပြည်သူ့စစ်မှုထမ်းခေါ်တာနဲ့ပတ်သက်ပြီး ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ကို ပြန်လည်စောင့်ကြည့်ဖို့ အတွက် အာဏာသိမ်းဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

မတ် ၂၀ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကလောတပ်နယ်က စစ်ကောင်စီတပ်သားတွေနဲ့ တွေ့ဆုံတဲ့အချိန်ပြောခဲ့တာဖြစ်ပြီး ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စီးပွားရေးကြပ်တည်းလို့ ငွေကြေးမထည့်နိုင်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ခေါ်ယူဖမ်းဆီးခိုင်းတာအပြင် ခြိမ်းခြောက်ပြောဆိုတာတွေကိုပါလုပ်နေတယ်လို့ အာဏာသိမ်း ဒုခေါင်းဆောင်က အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

‘တချို့သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တာမျိုးမရှိတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဥပဒေနဲ့မညီတဲ့ မလိုလားအပ်တဲ့ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတချို့ရဲ့ အခက်အခဲပြဿနာတွေကို နိစ္စဓူဝ ဖြေရှင်းနေရကြောင်းနဲ့ ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ မှားယွင်းတဲ့လုပ်ဆောင်မှုတွေ တွေ့ရှိပါကလည်း သက်ဆိုင်ရာကို အချိန်နဲ့တပြေးညီ အသိပေးတင်ပြဆောင်ရွက်ပေးကြပါ’ လို့ ပြောခဲ့တာပါ။

စစ်မှုထမ်းမပါစေဖို့ နည်းမျိုးစုံနဲ့ လာဘ်ထိုးငွေပေးနေရတာတွေအပြင် စစ်မှုထမ်းစာရင်းမှာလည်း မပါသင့်သူတွေပါနေတာ၊ အစားထိုးတာ စတဲ့ သတင်းတွေ ထွက်နေချိန်မှာ အခုလို ပြောဆိုလာတာပါ။

၂၀၁၀ ပြည့်နှစ်က ​ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက စတင်အကောင်အထည်ဖော်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်လာနေတာ ဖြစ်ပါတယ်။

ရပ်ကွက် ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် မဲနှိုက်ခေါ်ယူနေသလို စစ်မှုထမ်းရမယ့်သူတွေအတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ တအိမ်ကို ငွေကျပ် ၂၀,၀၀၀ အထိ ကောက်ယူတာတွေလည်းရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ်တခုအတွက် လူဦးရေ ၄,၅၀၀ ဝန်းကျင် ခေါ်ယူစုဆောင်းနေတာဖြစ်ပြီး လက်ရှိမှာ အပတ်စဉ် ၁၁ အထိရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013