DVB Logo
Home
နိုင်ငံတကာ
အသံဖြင့် စေခိုင်းနိုင်သည့် Alexa ကို AI ဖြင့်မွမ်းမံပြီး Amazon မိတ်ဆက်
DVB
·
February 27, 2025
အသံဖြင့် စေခိုင်းနိုင်သည့် Alexa ကို AI ဖြင့်မွမ်းမံပြီး Amazon မိတ်ဆက်
Donate to DVB

Amazon က အသံနဲ့ စေခိုင်းလို့ရတဲ့ Alexa ကို AI နဲ့ ပြုပြင်ပြောင်းလဲမှုပြုလုပ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

Alexa ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက မိတ်ဆက်ခဲ့ဖူးပြီး AI နည်းပညာနဲ့ ပေါင်းစပ်ကာ ထုတ်လုပ်ခဲ့တာပါ။ ဒီဖန်တီးမှုအတွက် Amazon ၂၀၁၄ ခုနှစ် စတင်ချိန်ကတည်းက ဒေါ်လာဘီလီယံချီ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Amazon ကတော့ Alexa ကို Device မျိုးစုံမှာ အသုံးပြုလို့ရမယ်လို့ မျှော်လင့်ထားပြီး e-commerce website တွေမှာ ရောင်းအားကောင်းဖို့လည်း မျှော်လင့်ပါတယ်။

Amazon device and service အကြီးအကဲ ပါနော့ပါနေးက “Alexa ဟာ ခင်ဗျားတို့ဘဝထဲမှာရှိတဲ့ ကိရိယာတွေ အားလုံးနီးပါး သိထားပါတယ်။ အချိန်ဇယား၊ စမတ်အိမ်၊ လုပ်ဆောင်မှု စတာတွေကို ဒီဟာသုံးတာနဲ့ အားလုံးချိတ်ဆက်ထားနိုင်မှာပါ။ ဘာဖျော်ဖြေမှုကြိုက်လဲ၊ အသုံးများတဲ့ App တွေ၊ လိုအပ်တဲ့အကူအညီတွေ အားလုံး သူက လုပ်ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

ဝန်ဆောင်မှုအသစ်ကို Alexa+ လို့ခေါ်ပြီး Amazon Prime member တွေက အလကားရမှာ ဖြစ်သလို User မဟုတ်သူတွေက တလကို ၁၉ ဒသမ ၉၉ ဒေါ်လာ ပေးချေသုံးစွဲနိုင်ပါတယ်။

ဒီဝန်ဆောင်မှုကို ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့တာဖြစ်ပြီး မတ်လအထိ အသုံးပြုသူအနည်းငယ်ကို ပေးသုံးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူတွေ ပိုပြီးအသုံးပြုနိုင်အောင်တိုးချဲ့သွားမှာပါ။

Alexa က ဘယ်လို မှတ်ထားနိုင်သလဲဆိုတာ ပါနေးက သရုပ်ပြခဲ့ပါတယ်။ အသုံးပြုသူရဲ့ စိတ်ကြိုက်မှတ်သားမှုတွေ ပြုလုပ်ထားနိုင်ပါတယ်။

အိမ်သားတွေထဲမှာ အသီးအရွက်စားသူ၊ ဂရိနဲ့ အီတလီစာ ကြိုက်သူ၊ ဒါပေမဲ့ ပဲထောပတ်ရှောင် စတဲ့အချက်တွေကို မှတ်ထားနိုင်ပြီး ညစာကြိုတင်မှာပေးထားတာမျိုး လုပ်နိုင်ပါတယ်။ ပြီးတော့ စာပေးပို့မှုနဲ့ သတိပေးမှုတွေလည်း အချိန်မှန် ပြုလုပ်နိုင်ပါတယ်။

Alexa က အိမ်ပိုင်ရှင်များအသင်းစာချုပ်လိုမျိုးပဲ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်နိုင်ပြီး ဘာတွေခွင့်ပြုထားသလဲ ဆိုတာကို သိရှိနိုင်ပါတယ်လို့ Amazon ဒါရိုက်တာ မာရာဆီဂယ်က ပြောပါတယ်။

Alexa AI ဆားဗစ်အသစ်က တုံ့ပြန်မှုတွေကို ချက်ချင်းပြုလုပ်ပေးနိုင်မှာဖြစ်ပြီး အသုံးပြုသူ မပါဝင်ဘဲ ပွဲစားတယောက်လို ဆောင်ရွက်ပေးနိုင်မှာပါ။​

အဲဒီဆားဗစ်အသစ်က လက်ရှိ အကြိမ်ကြိမ်စေခိုင်းနိုင်မှုနဲ့ မတူပါဘူး။ Alexa AI ဆားဗစ်က တကြိမ်မှာ တခုပဲ ကိုင်တွယ်ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013