DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများ အကူအညီပေးရေးစင်တာ ၁၀ ခု မက္ကဆီကို ဖွင့်လှစ်
DVB
·
January 29, 2025
အမေရိကန်နယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများ အကူအညီပေးရေးစင်တာ ၁၀ ခု မက္ကဆီကို ဖွင့်လှစ်
Donate to DVB

မက္ကဆီကိုနိုင်ငံဟာ ပြည်နှင်ဒဏ်ခံရသူတွေကို ကြိုဆိုဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နယ်စပ်တလျှောက်မှာ အကူအညီပေးရေးစင်တာ ၁၀ ခုကို ထူထောင်ခဲ့ကြောင်း မက္ကဆီကိုအစိုးရက ဇန်နဝါရီ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။

ဘာဟာ ကယ်လီဖိုးနီးယား၊ ဆိုနောရာ၊ ကွာဟွီးလာ၊ နွေဗိုလေယွန်၊ ချီဟွားဟွာ နဲ့ တာမောင့်လိပါစ် စတဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ အကူအညီပေးရေးဌာနတွေ တည်ထားကြောင်း ပြည်ထဲရေးအတွင်းဝန် ရိုဆာ အိုက်စ်လာ ရိုဒရီဂွက်ဇ်က ပြောပါတယ်။

မက္ကဆီကန်လူမျိုးအနေနဲ့ နယ်စပ် ဆီအူဒက် ဟွာရက်စ်မှာ အပူချိန် အနုတ် ၇ ဒီဂရီစင်တီဂရိတ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ နိုင်ငံခြားသားတယောက် ရှိနေမယ်ဆိုရင် လျစ်လျူရှုထားလို့ မရကြောင်းနဲ့ အရင်တုန်းကတည်းက အမြဲတမ်း ညှိနှိုင်းမှုတွေ ရှိတယ်လို့ ပြောဆိုပါတယ်။

သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ အမေရိကန်သမ္မတ ဂျော့ချ် အိပ်ချ် ဒဗလျူ ဘွတ်ရှ် လက်ထက်ကတည်းက ပြည်နှင်ဒဏ်ခံရတဲ့ မက္ကဆီကန်တွေရဲ့ အရေအတွက် ကိန်းဂရပ်ဖစ်ကို ပြသခဲ့ပါတယ်။

ဘီလ်ကလင်တန် အစိုးရလက်ထက်မှာ မက္ကဆီကန်တွေကို လူဦးရေ ၇ ဒသမ ၄၄၇ သန်း အမေရိကန်ကနေ အများပြားဆုံး နှင်ထုတ်ခဲ့ပြီး တနေ့ကို ပျမ်းမျှ ၂,၅၅၀ ယောက် နှင်ထုတ်ခံရတယ်လို့ သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။

အမေရိကန်အစိုးရဟာ ဗဟိုအမေရိကအစိုးရတွေနဲ့လည်း လုပ်ဆောင်နေပြီး ဥပမာအားဖြင့် အယ်လ်ဆာဗေးဒေါဟာ တတိယ လုံခြုံတဲ့နိုင်ငံအဖြစ် လက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ ဗဟိုအမေရိကကို သွားရောက်ဖို့ စီစဉ်ထားကြောင်း မီဒီယာတွေမှာ ဖတ်ရပြီး ဒါက အမြဲတမ်း ညှိနှိုင်းနေရတာလို့လည်း သမ္မတရှိန်းဘောင်းမ်က ပြောပါတယ်။

လက်ရှိသမ္မတ ထရမ့်ပ်ကလည်း အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးရေး အားထုတ်မှု လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို ဖယ်ရှားပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ နှစ်နဲ့ချီ ကြာမြင့်နိုင်ပြီး ကုန်ကျစရိတ်လည်း များပြားလွန်းပါတယ်။

မကြာသေးခင်က အမေရိကန် သန်းခေါင်စာရင်း အချက်အလက်တွေအပေါ် အခြေခံပြီး မက္ကဆီကို မြောက်ပိုင်း နယ်စပ်ကောလိပ် သုတေသနစင်တာ (COLEF) ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ အမေရိကန်မှာ တရားဝင်ခွင့်ပြုချက် မရှိဘဲ နေထိုင်သူ မက္ကဆီကိုနိုင်ငံသား ၅ သန်းနီးပါး ရှိပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013