DVB Logo
Home
နိုင်ငံတကာ
အောင်ပွဲအစီအစဉ်တင်ပြရန်  ဥရောပထိပ်သီးညီလာခံကို ယူကရိန်းသမ္မတ တက်မည် 
DVB
·
October 17, 2024
အောင်ပွဲအစီအစဉ်တင်ပြရန်  ဥရောပထိပ်သီးညီလာခံကို ယူကရိန်းသမ္မတ တက်မည် 
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ရုရှားနဲ့စစ်ပွဲကို ဖြေရှင်းဖို့ သူ့ရဲ့ “အောင်ပွဲ” အစီအစဉ်ကို တင်ပြနိုင်ရေး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အောက်တိုဘာ ၁၇ ရက် ကျင်းပမယ့် ဥရောပသမဂ္ဂ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို သွားမယ်လို့ ပြောပါတယ်။

ရုရှားတပ်တွေက ယူကရိန်းရဲ့ အရှေ့ဘက်ဆီ ထိုးစစ်ဆင်လာပြီး ဆောင်းရာသီမှာ ဓာတ်အားဖြတ်တောက်မှု ဆိုးဆိုးရွားရွား များလာချိန်မှာ ဇလန်းစကီးက မျှော်လင့် ပြင်ဆင်ထားတဲ့ အစီအစဥ်ကို ယူကရိန်းလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

အောင်ပွဲအစီအစဉ်ထဲမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) မှာ ပါဝင်ရေး ခြွင်းချက်မရှိ ဖိတ်ခေါ်မှုနဲ့ လက်နက်အထောက်အပံ့တွေ မဟာမိတ်တွေလက်ထဲမှာရှိတဲ့ အဓိကအချက် ၅ ချက်ပါတယ်လို့ ဇလန်းစကီးက လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် ယူကရိန်းရဲ့ သဘာဝတွင်းထွက်သယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနောက်တိုင်း အခန်းကဏ္ဍကို ကမ်းလှမ်းခဲ့ပြီး ယူကရိန်းတပ်တွေက NATO ရဲ့ လုံခြုံရေးကို တိုးမြှင့်ရင်း ဥရောပမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တချို့ နေရာကို အစားထိုးနိုင်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

စစ်ပွဲကို တရားမျှတစွာ အဆုံးသတ်ရေး မဆုတ်မနစ် တောင်းဆိုခဲ့တဲ့ ဇလန်းစကီးက ယုံကြည်မှုရှိရှိ စေ့စပ်ညှိနှိုင်းရေး ရုရှားသမ္မတနန်းတော် ကရင်မလင်ကို တွန်းအားပေးဖို့ လိုတယ်လို့ ပြောပါတယ်။

မဟာမိတ်တချို့က စစ်ပွဲရဲ့ အဆုံးသတ်ကို ကွဲကွဲပြားပြား ရှုမြင်နေတာ တွေ့ရတယ်လို့လည်း ဇလန်းစကီးက သူ့မိန့်ခွန်းအတွင်း အသိအမှတ်ပြု ထုတ်ပြောခဲ့ပါတယ်။

ရုရှားသမ္မတနန်းတော် ကရင်မလင်ကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ “အောင်ပွဲအစီအစဥ်” နဲ့ ပတ်သက်ပြီး အသေးစိတ် မှတ်ချက်ပေးဖို့ အချိန်စောလွန်းတယ်လို့ အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။

ယူကရိန်းအစိုးရက ဆက်လုပ်နေတဲ့ မူဝါဒတွေဟာ အချည်းနှီးပဲဆိုတာ သိဖို့ နားလည်ဖို့ လိုတယ်လို့လည်း အဲဒီနေ့မှာ ဆက်ပြောပါတယ်။

ဇလန်းစကီးကတော့ သူ့ရဲ့ အောင်ပွဲအစီအစဥ်ကို အခုအကောင်အထည်ဖော်ရင် လာမယ့်နှစ်ထက် နောက်မကျဘဲ ရုရှားနဲ့ ပဋိပက္ခအဆုံးသတ်ဖို့ ဖြစ်နိုင်စရာရှိတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ယူကရိန်းရဲ့ အစီအမံဟာ ယူကရိန်းနိုင်ငံသား နောက်ဆုံးတယောက်ပဲ ကျန်တဲ့အထိ ရုရှားကို တိုက်ခိုက်ဖို့ ယူကရိန်းအစိုးရကို အသုံးချနေတဲ့ အမေရိကန်ရဲ့ အစီအစဉ်နဲ့ ဆင်တူတယ်လို့ ကရင်မလင် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းအတွက် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ လက်နက်နဲ့ အကူအညီတွေ ပံ့ပိုးပေးထားတဲ့ အမေရိကန် အစိုးရကတော့ ရုရှားနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာ ယူကရိန်းအစိုးရအပေါ် မူတည်တယ်လို့ ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013