Home
ဆောင်းပါး
အိပ်မပျော်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဆက်စပ်နေသလား
DVB
·
November 16, 2023

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Machinist ရုပ်ရှင်ဟာ နာတာရှည် အိပ်မပျော်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားပါတယ်။

လူတွေဟာ အိပ်ချိန်လုံလောက်မှု မရှိတဲ့အခါ သူတို့ရဲ့မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုဟာ အချိန်တိုအတွင်း ချို့ယွင်းသွားတတ်ပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိနိုင်စွမ်းလည်း နည်းပါတယ်။

တကယ်လို့ အိပ်စက်ဖို့ အခက်အခဲတွေ ဆက်ရှိ‌နေမယ်ဆိုရင် ရေရှည်စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေအနေနဲ့ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်ကြွခြင်းနဲ့ စိတ်ရောဂါတို့ ဖြစ်ပွားလာပါလိမ့်မယ်။ The Machinist ရုပ်ရှင်မှာဆိုလည်း Christian Bale ရဲ့ ဇာတ်ကောင်ဟာ အိပ်မပျော်ခြင်း ပိုမိုနက်ရှိုင်းလာတာနဲ့အမျှ ကွက်ကွက်ကွင်းကွင်း မြင်ယောင် ဂယောင်ချောက်ချားမှုတွေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပိုများလာတာကို တွေ့နိုင်ပါတယ်။

အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြားက ဆက်ဆံရေးဟာ ရှုပ်ထွေးပါတယ်။ “ဘယ်အရာက အရင်လာမယ်၊ အိပ်မပျော်တာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလား” ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု တွေဟာ အပြည့်အဝ နားမလည်သေးတဲ့ နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။

အိပ်မပျော်ခြင်းဆိုတာ ဘာလဲ။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတခုလား။

အိပ်မပျော်ခြင်းဟာ အခုအချိန်အထိ အဖြစ်များဆုံး အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပါတယ်။ သြစတြေးလျက အရွယ်ရောက်ပြီးသူရဲ့ ၁၂-၁၅ ရာခိုင်နှုန်းခန့်ဟာ တချိန်တည်းမှာ အိပ်မပျော်ခြင်းအတွက် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။

အိပ်မပျော်တဲ့သူတွေဟာ မကြာခဏ အိပ်ငိုက်ခြင်း၊ မကြာခဏ ဆက်တိုက်အိပ်ဖို့ အခက်အခဲတွေနဲ့ စောစောနိုးပြီးနောက် ပြန်အိပ်ဖို့ အခက်အခဲတွေ ရှိပါတယ်။ အိပ်မပျော်ခြင်းဟာ လူ‌တွေရဲ့ အိပ်စက်ခြင်း အရည်အသွေးကိုသာမက နောက်နေ့မှာ သူတို့ရဲ့ လုပ်ဆောင်ပုံကိုလည်း ထိခိုက်စေပါတယ်။

အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာနဲ့ ရေရှည်ဆိုးကျိုး‌တွေကို ဖြစ်ပေါ်စေဖို့ ကူညီပေးနေတဲ့ အချက်ထဲမှာ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူ‌တွေ ပါဝင်နေပါတယ်။

  • စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ (ငွေ၊ အလုပ် သို့မဟုတ် မိသားစုပြဿနာများကဲ့သို့)
  • အာရုံစူးစိုက်မှု ပြဿနာနဲ့ အိပ်စက်ခြင်းအတွက် စိတ်ပူခြင်း (ကျွန်ုပ်တို့ဟာ အိပ်ခြင်းအတွက် တွေးပူလေလေ၊ ပိုဆိုးလေလေပါ)၊
  • ညံ့ဖျင်းတဲ့ အိပ်စက်ခြင်းအလေ့အထများ (ဥပမာ ပုံမှန်မဟုတ်တဲ့ အိပ်ချိန်နဲ့ နိုးချိန်များကဲ့သို့) အချက်တွေလည်း ပါဝင်ပါတယ်။

အိပ်မပျော်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရောဂါ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်သောက ကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလို့ ဆိုနိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု အမျိုးမျိုးနဲ့ နီးကပ်စွာ ဆက်စပ်မှုရှိတယ် ဆိုတာကို အသိအမှတ်ပြုထားတဲ့ ရောဂါတခု ဖြစ်ပါတယ်။

လူတော်တော်များများမှာ အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း နှစ်မျိုးလုံး ရှိကြပါတယ်။

အိပ်မပျော်တဲ့လူအားလုံးရဲ့ ထက်ဝက်လောက်ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလည်း ရှိကြပါတယ်။ အိပ်မပျော်ခြင်းနဲ့ ဆက်နွှယ်နေတဲ့ အဖြစ်များဆုံး အရာတွေကတော့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်၊ စိတ်ကြွရောဂါ၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ နဲ့ အရာဝတ္ထုဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပါတယ်။

အိပ်မပျော်တဲ့လူတွေမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု မြင့်မားတာကို ဘာကြောင့် တွေ့နေရတယ်ဆိုတာ မသိကြသေးပါဘူး။ သို့သော် ဦးဆောင်သီအိုရီများစွာက ဖော်ပြထားတာကတော့-

  • အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများအတွက် မျှဝေထားတာကတော့ မျိုးရိုးဗီဇအန္တရာယ် ဖြစ်ပါတယ်။ တနည်းဆိုရမယ်ဆိုရင် အချို့သောလူတွေရဲ့ မျိုးရိုးဗီဇက သူတို့ကို အခြေအနေနှစ်ခုလုံးဆီ တွန်းပို့နိုင်ပါတယ်။
  • မျှဝေထားတဲ့ အာရုံကြောဇီဝဗေဒ တုံ့ပြန်မှုကြောင့် အိပ်ရေးပျက်ခြင်းအတွက် ဦးနှောက်က တုံ့ပြန်ပုံကို ဦးနှောက်အတွင်းက စနစ်တွေရဲ့ သိမြင်မှု၊ စိတ်ခံစားမှုနဲ့ ဆုလာဘ်တို့ကို ထိန်းချုပ်ပုံနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒီဦးနှောက်လုပ်ဆောင်ချက်တွေရဲ့ နှောင့်ယှက်မှုဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု အမျိုးမျိုးမှာ သက်ရောက်မှုရှိပါတယ်။
  • ရောင်ရမ်းခြင်းနဲ့ ခုခံအားစနစ်ရဲ့ ကမောက်ကမ ဖြစ်မှုဟာလည်း အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း နှစ်မျိုးလုံးကို ဖြစ်စေနိုင်ပါတယ်။

ဘယ်ဟာ အရင်လာမလဲ။

ဒီချိတ်ဆက်မှုကို ပိုမိုရှုပ်ထွေးစေတာကတော့ တစုံတဦးဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု မဖြစ်ပေါ်မီ သို့မဟုတ် နောက်ပိုင်းမှာ အိပ်မပျော်ခြင်းဖြစ်နိုင်ကြောင်း ပြသနေတဲ့ အထောက်အထားတွေကြောင့် ဖြစ်ပါတယ်။ သုတေသီတွေက ဒါကို “bidirectional” “နှစ်လမ်းညွှန်” ဆက်ဆံရေးလို့ ခေါ်ပါတယ်။

တခုက တခြားတခုကြောင့်လို့ ပြောလို့မရပေမဲ့ သူတို့ကြားမှာတော့ ရှင်းရှင်းလင်းလင်း ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရပါတယ်။

ဒီလင့်ခ်ဟာ တမျိုးကို ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းမှာ အခြားတမျိုးရဲ့ ရောဂါရှာဖွေခြင်းနဲ့ ကုသမှုအတွက် သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုလိုပါတယ်။ ဥပမာအားဖြင့် အိပ်မပျော်ခြင်းကို လုံလောက်စွာ မကုသပါက၊ ဒါဟာ တစုံတဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု လက္ခဏာတွေကို ပိုမိုဆိုးရွားစေပြီး ပြင်းထန်မှုနဲ့ ပြန်ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

အိပ်မပျော်ခြင်းအတွက် သိမြင်မှုဆိုင်ရာ အပြုအမူကုထုံး (CBTi) လို့ လူသိများတဲ့ စကားပြောကုထုံး အမျိုးအစားတခုဟာ အိပ်မပျော်ခြင်းကို အထောက်အကူဖြစ်စေတဲ့ အတွေးများ၊ ခံစားချက်များ၊ စိတ်ခံစားမှုများနဲ့ အပြုအမူများကို ပြောင်းလဲဖို့ ရည်ရွယ်ပါတယ်။ ဒ့ါအပြင် များစွာသောအခြေအနေတွေမှာ CBTi နဲ့ အိပ်မပျော်ခြင်းကို အောင်မြင်စွာကုသမှုဟာ အပြန်အလှန်အားဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကိုလည်း ကုသပေးနိုင်ပါတယ်။

CBTi ဟာ အိပ်မပျော်ခြင်းအပြင် စိတ်ဓာတ်ကျခြင်း၊ ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုရောဂါကို ကုသရာမှာ အထူးထိရောက်ပါတယ်။ အိပ်မပျော်ခြင်းအပြင် စိတ်ရောဂါ သို့မဟုတ် စိတ်ကြွရောဂါကို ကုသရာမှာတော့ ထိရောက်မှု နည်းပါတယ်။

ကွက်လပ်များကို ဖြည့်ဆည်းပေးခြင်း

အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းကြားက ဆက်စပ်မှုကို ကျွန်ုပ်တို့ မသိတာတွေ အများကြီးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတကာမှ ပညာရှင်အဖွဲ့တဖွဲ့ဟာ အသိပညာ ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ လိုအပ်တဲ့ သုတေသနကို အလေးပေး ဖော်ပြခဲ့ပါတယ်။ အကြံပြုချက်တွေကတော့-

  • ဝတ်ဆင်နိုင်တဲ့ သို့မဟုတ် စမတ်ဖုန်းနည်းပညာများကို အသုံးပြုပြီး အိပ်စက်ခြင်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းတဲ့ ကလေးဘဝက စတင်တဲ့ မြီးကောင်ပေါက်အရွယ်အထိ ရေရှည်လေ့လာမှုများ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီအသက်ငယ်ရွယ်အုပ်စုတွေမှာ အိပ်မပျော်ခြင်းနဲ့ စိတ်ကျန်းမာရေးကို ပိုမိုတိုင်းတာဖို့ ရည်ရွယ်တာဖြစ်ပြီး လိုအပ်ပါက စောစီးစွာ ဝင်ရောက်စွက်ဖက်နိုင်ဖို့ ဖြစ်ပါတယ်။
  • မတူကွဲပြားတဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုနောက်ခံက လူတွေပါဝင်တဲ့ လေ့လာမှုများ။ အိပ်စက်ခြင်း အလေ့အကျင့်ကို ယဉ်ကျေးမှုအရ သတ်မှတ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့ လူဦးရေတွေကို သုတေသနပြုခြင်းဟာ အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရဲ့ ပိုမိုပြည့်စုံတဲ့ ပုံရိပ်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
  • လူတို့ရဲ့ နေ့ခင်းဘက် အမူအကျင့်တွေနဲ့ ပတ်ဝန်းကျင် ထိတွေ့မှုတို့ကို ပိုမို အသိအမှတ်ပြုခြင်း၊ အိပ်မပျော်ခြင်းနဲ့ စိတ်ကျန်းမာရေး ညံ့ဖျင်းခြင်းတို့ကို ဖြစ်စေတဲ့ ပံ့ပိုးကူညီမှုများ။ ဒီအချက်တွေမှာတော့ အသင့်စား အစားအစာများစားခြင်း၊ အိပ်ရေးပျက်ခြင်း (ဥပမာ၊ အလုပ်အဆိုင်း) နဲ့ နည်းပညာကို အလွန်အကျွံအသုံးပြုခြင်းတို့ ပါဝင်ပါတယ်။

ဒီသုတေသနရလဒ်တွေဟာ အိပ်မပျော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု နှစ်ခုစလုံးရဲ့ တိကျတဲ့ ရောဂါရှာဖွေခြင်းနဲ့ သူတို့ရဲ့ ကုသမှုအတွက် နက်နဲတဲ့သက်ရောက်မှု‌တွေ ရှိပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ လူတဦးချင်းနဲ့ လူ့အဖွဲ့အစည်းအတွက်ရော ဒီအခြေအနေတွေ အတူတကွ ဖြစ်ပေါ်လာတဲ့အခါ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ ဖြစ်ပါတယ်။

ရေးသူ - ဘန်ဘူးလ်လော့ခ်

ဘာသာပြန် - လီလီ

(The conversation ဝက်ဆိုက်မှာ Swinburne နည်းပညာတက္ကသိုလ် ဝါရင့်ကထိက   Ben Bullock ရေးသားထားတဲ့ “Insomnia and mental disorders are linked. But exactly how is still a mystery” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024