
ဥရောပတိုက်ရဲ့ စွမ်းအင်စနစ်တွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချချေဖျက်ဖို့ လုပ်ဆောင် နေချိန်အတွင်းမှာ နော်ဝေနိုင်ငံဟာ ဥရောပကို သဘာဝဓာတ်ငွေ့ကို လိုအပ်သရွေ့ ဆက်လက် ပေးပို့ သွားမယ်လို့ နော်ဝေနိုင်ငံရဲ့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး အက်စ်ပန် ဘာ့သ် အိုင်ဒါက စက်တင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဥရောပရဲ့ အကြီးဆုံးဓာတ်ငွေ့ တင်သွင်းသူဖြစ်တဲ့ နော်ဝေနိုင်ငံဟာ ၁၉၉၀ အဆင့်မှ ၂၀၃၀ ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်းကို လျှော့ချနိုင်ဖို့နဲ့ ၂၀၅၀ ခုနှစ်မှာ ကာဗွန်ကင်းစင်နိုင်ငံ ဖြစ်ဖို့ လည်း ရည်မှန်းထားပါတယ်။
အက်စ်ပန် ဘာ့သ် အိုင်ဒါက အော်စလိုရဲ့ အစီအစဉ်ဖြစ်တဲ့ မြောက်ပင်လယ်ကို အသုံးပြုပြီး ကာဗွန်ဖမ်းယူ၊ သိမ်းဆည်းခြင်းဆိုင်ရာ စီမံကိန်းနဲ့ နော်ဝေနိုင်ငံသားတွေကို ကား ၅ စီးမှာ ၄ စီးကို (EVs) တွေ ရောင်းချပေးခြင်းအားဖြင့် လျှပ်စစ်ကား (EV) တွေ ပြောင်းစီးကြစေဖို့ လုပ်ဆောင် နေကြောင်းတွေကို ကိုးကားပြီး နော်ဝေဟာ စွမ်းအင်အကူးအပြောင်းမှာ သူ့ရဲ့အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်နေကြောင်း ပြောပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ဟာ အနာဂတ်မှာ နော်ဝေစီးပွားရေးအတွက် ဝင်ငွေရရှိရေးမှာ သေးငယ်တဲ့ အစိတ်အပိုင်းတခုလောက်အဖြစ် ပါဝင်လိမ့်မယ်လို့ ဘာ့သ် အိုင်ဒါ က ပြောဆိုပါတယ်။
နော်ဝေနိုင်ငံရဲ့ ရေနံထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ အမြင့်ဆုံး ဖြစ်ပေမယ့် သူ့ရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုကလည်း မြင့်တက်လာခဲ့ပြီး ၂၀၃၀ ခုနှစ်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိ နေဦးမယ်လို့ မျှော်လင့်ရပါတယ်။
Source/Photo-Reuters