DVB Logo
Home
မြန်မာသတင်း
ရခိုင်၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် မိုးသည်းထန် ရေကြီးနိုင် 
DVB
·
September 5, 2023
ရခိုင်၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် မိုးသည်းထန် ရေကြီးနိုင် 
Donate to DVB

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အခုလာမယ့် ရက်သတ္တပတ်အတွင်း မိုးများတာကြောင့် ရေကြီးဘေးအန္တရာယ် သတိပြုပြင်ဆင်နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်ကနေ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး လာမည့်ရက်သတ္တပတ်မှာ မိုးလယ် ကာလ ကုန်ဆုံးပြီး စက်တင်ဘာ ၁ ရက်က စတင်ကာ အနောက်တောင်မုတ်သုံလေ တပြည်လုံးကနေ ဆုတ်ခွာမယ့် နေ့ရက် ကြားကာလကို မိုးနှောင်းကာလလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လာမယ့် ရက်သတ္တပတ်မှာ တပြည်လုံးမှာ မုတ်သုံလေအားကောင်းစေတဲ့ လေဖိအားနည်း ဆဲလ်တခု ဖြစ်ပေါ်လာစေပြီး အိန္ဒိယနိုင်ငံအလယ်ပိုင်းကို ဝင်ရောက်လာနိုင်မယ်လို့ လည်း ခန့်မှန်းထားပါတယ်။

အဲဒီအခြေအနေက မုတ်သုံလေဖိအားနည်းဆဲလ် (Monsoon Low Cell)အဖြစ် ပြန် လည်အားကောင်းလာစေပြီး မုတ်သုံလေအင်အားကို ချဲ့ထွင်စေတာကြောင့် အိန္ဒိယ တောင်ပိုင်း၊ မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ နေရာ ကွက်ကျားကနေ နေရာအတော်များများမှာ ဒေသအလိုက်မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးကြီးတာနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် (ဆက်စပ်တဲ့ မြစ်ချောင်းတွေမှာ မြစ်ရေကြီးတာ၊ မြို့ပြ၊ ကျေးရွာတွေမှာ ရေဘေး၊ မြေပြိုဘေးနဲ့ လမ်းတံတားတွေ ထိ ခိုက်ပျက်စီးတာတွေကို သတိပြုသွားလာနေထိုင်သင့်ကြောင်းလည်း အသိပေးထုတ် ပြန်ထားပါတယ်။

မိုးအခြေအနေ အနေနဲ့ ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာ ကရင်၊ မွန်ပြည်နယ်တွေနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာအနှံ့အပြား၊ ချင်း၊ ရခိုင်ပြည်နယ်တွေနဲ့ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့မှာ နေရာစိပ်စိပ်၊ မန္တလေး၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ကမ်းရိုးတန်းဘက်မှာတော့ အနောက်ဘက်ကလေဟာ တနာရီကို ၅ မိုင်ကနေ ၁၀ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအသင့်အတင့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ မုတ္တ မကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်းတို့မှာတော့ အနောက်ဘက်ကလေဟာ တနာရီကို ၁၅ မိုင်ကနေ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013