DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော်ကျဆင်း
DVB
·
August 17, 2023
မြန်မာနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော်ကျဆင်း
Donate to DVB

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလဖြစ်တဲ့ ဧပြီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) က အမေရိကန်ဒေါ်လာ ၄၆၇ သန်းသာရှိခဲ့ပြီး အရင်ဘဏ္ဍာနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ၆၁ ရာခိုင်နှုန်းထိ လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ အချက်အလက်တွေ သိရပါတယ်။

မြန်မာနိုင်ငံကို FDI ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံထိရှိခဲ့တာဖြစ်ပါတယ်။

အခုနှစ် ပထမလေးလတာ ကာလအတွင်း စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံး ဖြစ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပရောဂျက် ၄ ခုမှာ ဒေါ်လာ ၃၃၅ သန်းကျော် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံက လုပ်ငန်း ၁၀ ခုမှာ အမေရိကန်ဒေါ်လာ ၁၂၄ သန်းကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ DICA စာရင်းအရ သိရပါတယ်။

တခြားဝင်ရောက်မှုရှိခဲ့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ ဆမိုးအားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဖြစ်ပြီး ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ယူကေနိုင်ငံတို့ကတော့ အရင်ဝင်ရောက်ထားပြီး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းငယ်စီ တိုးမြှင့်ထားတာ တွေ့ရပါတယ်။

အဲဒီကာလအတွင်း လျှပ်စစ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၇ သန်း ဝင်ရောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍကို ကန်ဒေါ်လာ ၇၇ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကန်ဒေါ်လာ ၄၈ သန်းကျော် အသီးသီး ဝင်ရောက်ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမူ ပမာဏ ၄ ဒသမ ၈ ဘီလီယံကျော်ထိ ဝင်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီ စတင်တာဝန်ယူခဲ့တဲ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံသာ ဝင်ရောက်ခဲ့ပြီး ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ကြားကာလ ဘတ်ဂျက် ၆ လမှာ ကန်ဒေါ်လာ သန်း ၆၄၀ ကျော်၊ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလီယံသာ ရှိခဲ့ပြီး တနှစ်ထက် တနှစ် သိသိသာသာ လျော့နည်း ကျဆင်းလာပါတယ်။

စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက် စီးပွားရေး မတည်ငြိမ်မှုနဲ့ မရေရာမှုတွေ များလာတာ၊ ကုန်ကြမ်းရရှိမှု ခက်ခဲပြီး လျှစ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေတာ၊ ပဋိပက္ခတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတာ၊ ဝယ်လိုအား ကျဆင်းလာတာ၊ လုပ်ငန်းတွေ ဆုံးရှုံးနိုင်ခြေများပြီး အကျိုးအမြတ် ပြန်ရနိုင်ခြေနည်းနေတာ စတဲ့အချက်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ ပြန်လည်ထွက်ခွာတာ၊ အသစ်ဝင်ရောက်နိုင်ခြေနည်းလာတာဖြစ်တယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013