Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် ရခိုင်စစ်ရှောင်များ ဆန် ၁ ပြည်နှင့် ဆီ ၁၀ ကျပ်သားသာရရှိ
DVB
·
July 5, 2023
358422207_1001012797587780_7227759636703913985_n

ရခိုင်ပြည်နယ်မှာ မေ ၁၄ ရက်က အလွန်အားကောင်းတဲ့ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ ရခိုင်စစ်ဘေးရှောင်မိသားစုတွေဟာ ဆန် ၁ ပြည်နဲ့ ဆီ ၁၀ ကျပ် သားသာရရှိခဲ့ကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဘူးသီးတောင်လမ်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက "မိုခါမုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ ကျနော်တို့ Camp ထဲမှ လူနေအိမ် ၂၀ ပြိုလဲသွားတယ်။ အဲ့ဒီအိပ် ၂၀ အတွက် တအိမ်ကို ထောက်ပံ့ကြေး ဆန် ၁ ပြည်နဲ့ ဆီ ၅ သား ပဲပေးတယ်။ ကျန်တဲ့အိမ်တွေ တ  ပိုင်းတစပြိုပျက်တာတွေ အများကြီးရှိတယ်။ တပိုင်းတစပြိုတဲ့လူကလည်း အခက်အခဲတွေ များစွာရှိတယ်။ တကယ်တော့ အကုန်လုံးပြိုသွားတဲ့အိမ်တွေမှာလည်း ဒီဆန် ၁ ပြည်နဲ့ ဆီ ၅ ကျပ်သားက ဘာမှထူးခြားမူမရှိပါဘူး။ မပျက်တဲ့အိမ်က အနည်းအပါးပါ။ ပျက်တဲ့အိမ်တွေကများတယ်။ ဒါပေမဲ့ သူတို့က အိမ်တခုလုံး အပြီးအပိုင် ပြိုမလဲလို့ ထောက်ပံ့ကြေး မပေးဘူး။ တပိုင်းတစတော့ အကုန်လုံးနေအိမ်တွေ ပြိုပျက်ကြတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်လမ်းမ ကျောင်းဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၁၄ စုရှိပြီး မိုခါမုန်တိုင်း​ကြောင့် နေအိမ်လုံးဝပြိုလဲသွားတဲ့နေအိမ် ၂၀ ကိုသာ ဆန် ၁ ပြည်နဲ့ ဆီ ၅ ကျပ်သား ထောက်ပံ့တာဖြစ်ပြီး ကျန်နေအိမ်တွေအားလုံး ပျက်စီးသွားကြပေမဲ့ နေအိမ်ပြိုလဲတာ မရှိတဲ့အတွက် ထောက်ပံ့မှု မရကြဘူးလို့ ဆိုပါတယ်။

ဘူးသီးတောင်ရန်အောင်မြေစစ်ဘေးရှောင်စခန်းတာဝန်ရှိသူ ဦးအောင်ထွန်းလှက "မုန်တိုင်းအပြီး ထောက်ပံ့ကူညီမှုကတော့ နေအိမ်တွေလုံးဝပြိုပျင်သွားပြီး နေထိုင်လို့ မရတဲ့နေအိမ် ၁၃ စုကို အာဏာပိုင်တွေက ဦဥတ္တမခန်းမကိုခေါ်ပြီး ဆန် ၁၀ သိုက် (၅ ပြည်) နဲ့ ဆီ ၁၀ သားပေးတာရှိပါတယ်။ နောက်ဘာမှကူညီတာမရှိပါဘူး။ စာရင်းတွေ ကောက်သွားလောက်ပဲ ရှိပါတယ်။ နေအိမ်တွေပြန်ပြုပြင်ဖို့ ကိုယ်ထူကိုယ်ထစနှစ်နဲ့ပဲ ကြိုးစားခဲ့ကြရပါတယ်။ စားဝတ်နေရေးကတော့ အခက်အခဲ အ မြဲရှိနေတာပါ။ မျှော်လင့်တာကတော့ ကူညီမှုတွေ ပေးစေချင်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရဆီက ခွင့်ချက်မရရှိရင်တော့ ဘယ်အဖွဲ့ကမှ လာထောက်ပံ့မှုရှိမှာမဟုတ်ဘူး။ တနေ့လုပ်တနေ့စား မျှတပြီး ဘဝကို ရှင်သန်နေကြရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ၂ဝ၁၈ ကနေ ၂ဝ၂၂ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိ ရှိနေတာပါ။

မိုခါမုန်တိုင်အပြီး ဇွန် ၈ ရက်နေ့မှစပြီး INGO၊ NGO နဲ့ CSO အဖွဲအစည်းတွေကို စစ်ကောင်စီက ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့် ရက်အကန့်သတ်မၡိ ရပ်နားခိုင်းခဲ့ပြီးနောက် ဇွန် ၁၁ ရက်နေ့မှာ  NGO အဖွဲ့တွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ပေမဲ့ မြေပြင်အခြေအနေမှာ ထောက်ပံ့ခွင့် မရဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024