DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ထပ်ချသည့်အ‌ပေါ် ပြင်သစ် ရှုတ်ချ
DVB
·
January 11, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ထပ်ချသည့်အ‌ပေါ်  ပြင်သစ် ရှုတ်ချ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့တဲ့အပေါ်  ပြင်သစ်နိုင်ငံအနေနဲ့ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ခုလို အတုအယောင်တရားစီရင်မှုဟာ အလွန်စိုးရိမ်စရာကောင်းနေပြီဖြစ်တဲ့ နိုင်ငံရေးအခြေအနေကို ပိုမိုပြီးဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီဇင်ဘာ ၆ ရက်မှာ သတိပေးထားပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းမှ လွတ်မြောက်ရေးလမ်းစဟာ ပဋိပက္ခမှာ ပါဝင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်တွေမှာ စစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့  ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်ကစ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ် ပေးဖို့တို့ ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံ သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့လည်း ပြင်သစ်နိုင်ငံအနေနဲ့ အပြည့်အဝ ထောက်ခံအားပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၃ မှုအတွက် မနေ့က ဇန်နဝါရီ ၁၀ ရက်မှာ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ   ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်လိုက်တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းကနေ တရားမဝင် စကားပြောစက် ၁၀ လုံးနဲ့ Jammer ၁ စုံတို့ကို တွေ့ရှိတယ် ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်ကလည်း  ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲ ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ သဘာဝဘေးအမှုတို့အတွက် စစ်ကောင်စီတရားရုံးက  ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ပေးခဲ့ပါတယ်။

လတ်တလောမှာတော့ အမိန့်ချတဲ့ အမှုသုံးခုအတွက် ထောင်ဒဏ် ၄ နှစ်နဲ့ဆိုပါက ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ အမှုငါးခုအတွက် ကျခံရမယ့် စုစုပေါင်းထောင်ဒဏ်ဟာ ၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013