DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ်ဂိတ် ပိတ်ထားသဖြင့် မြန်မာက ၁ လကို ကန်ဒေါ်လာ သန်း ၅၀၀ ထိ နစ်နာ
DVB
·
October 6, 2021
တရုတ်-မြန်မာနယ်စပ်ဂိတ် ပိတ်ထားသဖြင့် မြန်မာက ၁ လကို ကန်ဒေါ်လာ သန်း ၅၀၀ ထိ နစ်နာ
Donate to DVB

တရုတ်-မြန်မာနယ်စပ်တွေကို တရုတ်ဘက်က ပိတ်ထားတာကြောင့် မြန်မာဘက်က ၁ လကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထိ နစ်နာနေတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်တွေ ပြန်ဖွင့်ပေးဖို့ မြန်မာကုန်သည်တွေက မျှော်လင့်နေချိန်မှာ တရုတ်နယ်စပ်ဂိတ်တွေကို ပြည်တွင်း ကူးစက်မှုနှုန်း ကျဆင်းပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားလာမှ ပြန်ဖွင့်ပေးသင့်တယ်လို့ တရုတ်ထိပ်တန်းဆရာဝန်ကြီးတွေက အကြံပြုထားတယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။ 

တရုတ်နယ်စပ်ဂိတ် မြန်မာဘက်ခြမ်းမှာ ပိုးတွေ့နှုန်း များနေတာကလည်း နယ်စပ်ဂိတ်တွေကို ဆက်ပိတ်ထားဖို့ တွန်းအားဖြစ်စေတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။ 

တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင်ဘက်မှာတော့ ဧပြီလကတည်းက ပိတ်ထားလို့ ပိတ်မိနေတဲ့ မြန်မာဘက် တရုတ်သွင်းကုန်ပစ္စည်းတွေကို ဒီလအတွင်း သယ်ယူခွင့်ပြုဖို့ ရှိတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ဒါဟာ နယ်စပ်ဂိတ်ကို ပြန်ဖွင့်တာ မဟုတ်ဘဲ ဆက်လက်ပိတ်ထားဦးမှာဖြစ်ပြီး မြန်မာဘက်က ပို့ကုန်တွေကိုလည်း တရုတ်ဘက် တင်ပို့ခွင့် မပြုသေးပါဘူး။ 

ကျင်ဆန်းကျော့နဲ့ ကျယ်ဂေါင်ဘက်က တရုတ်ဂိုဒေါင်တွေ ရှင်းတဲ့အနေနဲ့ လုပ်တာသာဖြစ်ပြီး လူဖြတ်သန်းခွင့် ဘာမှမရှိဘူးလို့ ကုန်သည်တွေက ပြောပါတယ်။ 

နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် ကုန်သည်တွေ၊ ဒေသခံတွေအနေနဲ့ စီပွားရေး လုံးဝကျဆင်းသွားသလို အလုပ်သမားတွေနဲ့ အခြေခံလူတန်းစားတွေလည်း စားဝတ်နေရေး ကျပ်တည်းနေကြပါတယ်။ 

တရုတ်နယ်စပ်ဂိတ်တွေကို ကာလအတော်ကြာ ပိတ်ခံထားရပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော် တရုတ်နယ်စပ်ဂိတ်ကိုလည်း အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ကုန်သွယ်မှု ပိတ်လိုက်တယ်လို့ မြန်မာဘက်ခြမ်းက ထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် ဝ နဲ့ မိုင်းလား ဘက်က တရုတ်နယ်စပ်ဂိတ်တွေကိုတော့ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးတာ စစ်ဆေးပြီးလို့ တရုတ်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ဖွင့်ပေးလိုက်ပါတယ်။ 

ဝ မိုင်းလားဘက်မှာတော့ တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဲ့ဒီဒေသနဲ့ ပြည်တွင်းကို သွားလာတာတွေ ပိတ်ခံထားရပါတယ်။ 

တချို့ PDF တွေက 107 ရှော့တိုက်ဒုံးလိုမျိုး လက်နက်တွေ၊ တရုတ်နယ်စပ်ထုတ် သေနတ်တွေ၊ အသုံးပြု ကိုင်ဆောင်နေတာမျိုး သတင်းတွေ ပျံ့လာပြီးနောက် ဝ မိုင်းလားနယ်နဲ့ ပြည်တွင်း တခြားဒေသဆက်သွယ်ရေး လမ်းကြောင်းတွေကို စကစ ဘက်က ပိုမိုတင်းကြပ်လာတာပါ။ 

စစ်တပ်နဲ့ ဝနယ်စပ်ဖြစ်တဲ့ မန်မန်းဆိုင်အနီးထိ သွားလာမှုတွေ တပ်ဘက်က ပိတ်ဆို့ထားတာကြောင့် ကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ လာရိုးကနေ မန်းမန်းဆိုင်ဂိတ် သံလွင် အရှေ့ခြမ်း ဝနဲ့ စစ်တပ် နယ်စပ်အထိ သွားကဲ့ သယ်ယူနေရတယ်လို့လည်း သိရပါတယ်။ 

မြန်မာဘက်က ဆန်တင်ပို့မှုကိုလည်း လုံးဝတားမြစ်လိုက်တဲ့အပြင် သစ်နဲ့ သယံဇာတအပြင် တခြားထွက်ကုန်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတာရော၊ တရားဝင်တင်သွင်းတာတွေကိုပါ မြန်မာဘက်က လုံးဝပိတ်ဆို့ထားတာလို့ ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013