DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ရာသီဥတုပြောင်းလဲမှုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ကျောင်းသူလေး ဂရီတာသန်းဘတ်
DVB
·
September 24, 2019
ရာသီဥတုပြောင်းလဲမှုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ကျောင်းသူလေး ဂရီတာသန်းဘတ်
1 / 3
Donate to DVB

ဒီနေ့ခေတ်မှာ ကမ္ဘာကြီး ပူနွေးလာတာနဲ့ ရာသီဥတု ကပ်ဘေးပြဿနာက တကမ္ဘာလုံး အတိုင်းအတာထိ ရိုက်ခတ်နေပါတယ်။ 

ရာသီဥတု ပြောင်းလဲမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ တယောက်အဖြစ် လူသိများတဲ့ ဆွီဒင်နိုင်ငံက အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ အခု သီတင်းပတ်အတွင်း ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ နေရာယူထားခဲ့ပါတယ်။



သူဟာ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ကြဖို့ ၂၀၁၈ ခုနှစ်ကစလို့ အပတ်စဉ် သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ တကိုယ်တော် ဆန္ဒပြ လှုပ်ရှားခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့  Fridays for Future သောကြာနေ့ လှုပ်ရှားမှုဟာ တကမ္ဘာလုံးအထိ ပျံ့နှံခဲ့ပြီး ကမ္ဘာ့မြို့ကြီးတွေမှာလည်း သန်းချီတဲ့လူတွေ ပူးပေါင်းပါဝင်လာကြပါပြီ။

ဂရီတာသန်းဘတ်ဟာ စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာပြီး ရာသီဥတု ပြောင်းလဲမှုအခြေအနေကို ထိန်းချုပ်ဟန့်တားဖို့ တာဝန်ပျက်ကွက်တယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။ 

“ရှင်တို့က လက်တွေ့မပါတဲ့ စကားတွေနဲ့  ကျမရဲ့ အိမ်မက်တွေ ကျမရဲ့ ကလေးဘဝကို ခိုးယူခဲ့ကြတယ်။ ကျမက အခုထိတော့ ကံကောင်းတဲ့သူတယောက် ဖြစ်နေပေမယ့် လူတွေ ဆင်းရဲဒုက္ခရောက်နေကြရတယ်။ သေကျေနေကြရတယ်။ သဘာဝဂေဟစနစ်ကြီး တခုလုံးလည်း ပျက်ယွင်းနေပြီ။ ကျမတို့ဟာ အင်မတန်ကြီးမားတဲ့ မျိုးတုံးပျောက်ကွယ်မှုရဲ့ အစကို ရောက်နေကြရတယ်။ ဒီလိုအချိန်မှာ ရှင်တို့အားလုံးက ငွေအကြောင်း ပြောနေနိုင်ကြတယ်။ ဒီလိုအချိန်မှာ မတောမသတ်နိုင်တဲ့ စီးပွားရေးတိုးတက်ဖို့ ယုံတမ်းပုံပြင်တွေအကြောင်း ပြောနေနိုင်ကြတယ်။ ဘယ်လိုလုပ် ပြောနိုင်ကြတာလဲ” လို့ ဆွီဒင် ဆယ်ကျော်သက် ရာသီဥတု ပြောင်းလဲမှု တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘတ်က ပြောပါတယ်။

ဂရီတာသန်းဘတ်ကို ၂၀၀၃ ခုနှစ်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့တာပါ။ မိခင်ဖြစ်သူ အဆိုတော်နဲ့ ဖခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်တို့ မျိုးရိုးကနေ ဆင်းသက်လာတဲ့ သန်းဘတ်ဂ်ဟာ သူ့အသက် ၈ နှစ်အရွယ်မှာ ရာသီဥတု ပြောင်းလဲမှုအကြောင်းကို စကြားဖူးခဲ့တာပါ။

အဲဒီနောက် သန်းဘတ်ဟာ မိသားစုတွင်းမှာ တအိမ်ထောင်သုံး မီးခိုးထွက်နှုန်းလျော့ချဖို့ သက်သတ်လွတ် စားဖို့နဲ့ လေကြောင်းခရီးမသွားဖို့ မိဘတွေကို စတင်တိုက်တွန်းခဲ့ပါတယ်။ ဆွီဒင်နိုင်ငံတလွှား အပူလှိုင်းတွေ မြင့်တက်ပြီး တောမီးတွေ လောင်ခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာတော့ ဂရီတာ သန်းဘတ်ဟာ ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်တော် အဆောက်အအုံရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ ဒါဟာ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် သူ့ရဲ့ ပထမဆုံး ခြေလှမ်းတခုပါ။ သန်းဘတ်ရဲ့ ဖခင်ကတော့ သမီးဖြစ်သူ ကျောင်းပျက်တာကို မကြိုက်ပေမယ့် သူ့ရဲ့ ရပ်တည်ချက်ကိုတော့ အလေးထားတယ်လို့ ပြောခဲ့ပါတယ်။ 

သန်းဘတ်ဟာ သူရဲ့ ဆန္ဒပြလှုပ်ရှားမှု ဓာတ်ပုံတွေကို အင်စတာဂရမ်၊ တွစ်တာ စတဲ့ လူမှုမီဒီယာတွေမှာ ဖော်ပြခဲ့တာကြောင့်လည်း သူ့ရဲ့လှုပ်ရှားမှုတွေက လျင်လျင်မြန်မြန် ထိထိရောက်ရောက်  ပျံ့နှံ့ခဲ့တာပါ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၂၇၀ ကျော်က ကျောင်းသားပေါင်း နှစ်သောင်းကျော်က ပါဝင်ဆင်နွှဲနေကြပါပြီ။ 

ဂရီတာ သန်းဘတ်က “ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ မနေ့က တကမ္ဘာလုံးမှာ သန်းချီတဲ့လူတွေ ချီတက် တောင်းဆိုခဲ့ကြတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ ဒီလှုပ်ရှားမှုက ကျမတို့တွေ စည်းလုံးညီညွတ်ကြတယ် ဆိုတာနဲ့ လူငယ်တွေကို ဟန့်တားလို့ မရနိုင်ဘူး ဆိုတာ သက်သေပြနေတာပဲ”လို့ ပြောပါတယ်။  

နိုင်ငံရေးသမားတွေအနေနဲ့ ရာသီဥတု ကပ်ဘေးတွေကို အရေးယူ လုပ်ဆောင်ဖို့ တာဝန် ပျက်ကွက်တာကိုလည်း သန်းဘတ်က  ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Fridays for Future သောကြာနေ့ လှုပ်ရှားမှုဟာ တကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ခတ်ခဲ့တာနဲ့အတူ သန်းဘတ်ကိုလည်း နိုင်ငံတကာက စိတ်ဝင်စားလာကြပြီး ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ ဖိုရမ်တွေအထိ ဖိတ်ကြားခံခဲ့ရပါတယ်။ နိုင်ငံတကာ ဖိုရမ်တွေကို တက်ရောက်လာတဲ့အခါမှာလည်း သန်းဘတ်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချဖို့၊ ကာဗွန် ထုတ်လွှတ်မှုတွေေ လျှော့ချဖို့ စတဲ့အချက်တွေကို ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။ 

“ကျမ ပြောတဲ့ စကားကို နားမထောင်စေချင်ဘူး။ သိပ္ပံပညာရှင်တွေ ပြောတာကို နားထောင်စေချင်တယ်။ ပြီးတော့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး တကယ်လက်တွေ့ အရေးယူ ဆောင်ရွက်ပေးစေချင်တယ်” ဂရီတာ သန်းဘတ်က ပြောပါတယ်။

သန်းဘတ်ဟာ ဗာတီကန်မြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ လှုပ်ရှားမှုတွေအကြောင်း သတင်းပါးခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ 

စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ရာသီဥတုဆိုင်ရာ ဆပ်ကော်မတီမှာလည်း ရာသီဥတု ‌ပြောင်းလဲမှုကို ဘယ်လို အရေးယူ ဆောင်ရွက်သင့်တယ်ဆိုတာကို အကြံပြုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က သန်းဘတ်နဲ့ သူ ဦးဆောင်တဲ့ Fridays for Future လှုပ်ရှားမှုကို ၂၀၁၉ ခုနှစ်အတွက် အသိတရား သံတမန်ဆု ချီးမြှင့်ခဲ့ပါသေးတယ်။

“ဒီဆုက Fridays for Future လှုပ်ရှားမှုကို အတူတကွ လုပ်ခဲ့ကြတဲ့ တကမ္ဘာလုံးက သန်းချီတဲ့ လူတွေ၊ လူငယ်တွေ အားလုံးအတွက် ဖြစ်တယ်။ ကျမတို့ရဲ့ ဘဝတွေအတွက် ကျမတို့ တိုက်ပွဲဝင်ကြတယ်။ ဒါတင်မကပါဘူး၊ အနာဂတ် ကလေးငယ်တွေအတွက် ကျမတို့ တိုက်ပွဲဝင်နေကြတာပါ” လို့ ဆွီဒင် ဆယ်ကျော်သက် ဂရီတာ သန်းဘတ်က ပြောပါတယ်။

အခုလအစောပိုင်းတော့ သူဟာ ကာဗွန်ဓာတ်ငွေ့ကင်းတဲ့ ရွက်လှေတစင်းနဲ့ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရွက်လွှင့်ခဲ့ပြီး နယူးယောက်မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဒီခရီးစဉ်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို လျင်လျင်မြန်မြန် ဖြေရှင်းကြဖို့ အသိပေး လှုံ့ဆော်တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်လာချိန်မှာပဲ သန်းဘတ်ဟာ နယူးယောက်မြို့ ရာသီဥတု ပြောင်းလဲမှု လူထုစုဝေးပွဲကို ဦးဆောင်ချီတက်ခဲ့ပါသေးတယ်။ 

စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုမှာ  နယူးယောက်မြို့က ထောင်ချီတဲ့ လူငယ်၊ လူကြီးတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ သောကြာနေ့မှာပဲ အမေရိကန်သာမက ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ရုရှား၊  ဗြိတိန်၊ ထိုင်း၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယ စတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ လူငယ်တွေ ဦးဆောင်တဲ့ Fridays for Future ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ချီတက်ဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာထိ ပါဝင်တဲ့ လှုပ်ရှားမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။



သန်းဘတ်ဟာ ၂၀၁၉ ခုနှစ် မေလမှာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရပြီး မျိုးဆက်သစ်ခေါင်းဆောင်တယောက်လို့ ကင်ပွန်းတပ် ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်လည်း အမည်စာရင်း တင်သွင်းခံထားရပါသေးတယ်။

၂၀၁၉ နှစ်ကုန်မှာ ချီးမြှင့်မယ့် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရခဲ့မယ်ဆိုရင်တော့ သန်းဘတ်ဟာ ဒီဆုကို ချီးမြှင့်ခံရတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းမှတ်တိုင်တခု စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။

ဆုမွန်ဖြိုး

Ref: Reuters, Photo : Time

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရာသီဥတုေျပာင္းလဲမႈအေရး တက္ႂကြလႈပ္ရွားသူ ဆြီဒင္ေက်ာင္းသူေလး ဂရီတာသန္းဘတ္

ဒီေန႔ေခတ္မွာ ကမာၻႀကီး ပူေႏြးလာတာနဲ႔ ရာသီဥတု ကပ္ေဘးျပႆနာက တကမာၻလုံး အတိုင္းအတာထိ ႐ိုက္ခတ္ေနပါတယ္။

ရာသီဥတု ေျပာင္းလဲမႈ ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူ တေယာက္အျဖစ္ လူသိမ်ားတဲ့ ဆြီဒင္ႏိုင္ငံက အသက္ ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသူေလး ဂရီတာသန္းဘတ္ဟာ အခု သီတင္းပတ္အတြင္း ကမာၻ႔သတင္းစာမ်က္ႏွာေတြမွာ ေနရာယူထားခဲ့ပါတယ္။

သူဟာ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ၾကဖို႔ ၂၀၁၈ ခုႏွစ္ကစလို႔ အပတ္စဥ္ ေသာၾကာေန႔တိုင္း ေက်ာင္းမတက္ဘဲ တကိုယ္ေတာ္ ဆႏၵျပ လႈပ္ရွားခဲ့တာပါ။ အခုဆိုရင္ သူ႔ရဲ႕  Fridays for Future ေသာၾကာေန႔ လႈပ္ရွားမႈဟာ တကမာၻလုံးအထိ ပ်ံ႕ႏွံခဲ့ၿပီး ကမာၻ႔ၿမိဳ႕ႀကီးေတြမွာလည္း သန္းခ်ီတဲ့လူေတြ ပူးေပါင္းပါဝင္လာၾကပါၿပီ။



ဂရီတာသန္းဘတ္ဟာ စက္တင္ဘာ ၂၃ ရက္ေန႔က နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္လာၿပီး ရာသီဥတု ေျပာင္းလဲမႈအေျခအေနကို ထိန္းခ်ဳပ္ဟန႔္တားဖို႔ တာဝန္ပ်က္ကြက္တယ္လို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို ျပစ္တင္ ေျပာဆိုခဲ့ပါတယ္။

“ရွင္တို႔က လက္ေတြ႕မပါတဲ့ စကားေတြနဲ႔  က်မရဲ႕ အိမ္မက္ေတြ က်မရဲ႕ ကေလးဘဝကို ခိုးယူခဲ့ၾကတယ္။ က်မက အခုထိေတာ့ ကံေကာင္းတဲ့သူတေယာက္ ျဖစ္ေနေပမယ့္ လူေတြ ဆင္းရဲဒုကၡေရာက္ေနၾကရတယ္။ ေသေက်ေနၾကရတယ္။ သဘာဝေဂဟစနစ္ႀကီး တခုလုံးလည္း ပ်က္ယြင္းေနၿပီ။ က်မတို႔ဟာ အင္မတန္ႀကီးမားတဲ့ မ်ိဳးတုံးေပ်ာက္ကြယ္မႈရဲ႕ အစကို ေရာက္ေနၾကရတယ္။ ဒီလိုအခ်ိန္မွာ ရွင္တို႔အားလုံးက ေငြအေၾကာင္း ေျပာေနႏိုင္ၾကတယ္။ ဒီလိုအခ်ိန္မွာ မေတာမသတ္ႏိုင္တဲ့ စီးပြားေရးတိုးတက္ဖို႔ ယုံတမ္းပုံျပင္ေတြအေၾကာင္း ေျပာေနႏိုင္ၾကတယ္။ ဘယ္လိုလုပ္ ေျပာႏိုင္ၾကတာလဲ” လို႔ ဆြီဒင္ ဆယ္ေက်ာ္သက္ ရာသီဥတု ေျပာင္းလဲမႈ တက္ႂကြလႈပ္ရွားသူ ဂရီတာသန္းဘတ္က ေျပာပါတယ္။

ဂရီတာသန္းဘတ္ကို ၂၀၀၃ ခုႏွစ္က ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာ ေမြးဖြားခဲ့တာပါ။ မိခင္ျဖစ္သူ အဆိုေတာ္နဲ႔ ဖခင္ျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္တို႔ မ်ိဳး႐ိုးကေန ဆင္းသက္လာတဲ့ သန္းဘတ္ဂ္ဟာ သူ႔အသက္ ၈ ႏွစ္အ႐ြယ္မွာ ရာသီဥတု ေျပာင္းလဲမႈအေၾကာင္းကို စၾကားဖူးခဲ့တာပါ။

အဲဒီေနာက္ သန္းဘတ္ဟာ မိသားစုတြင္းမွာ တအိမ္ေထာင္သုံး မီးခိုးထြက္ႏႈန္းေလ်ာ့ခ်ဖို႔ သက္သတ္လြတ္ စားဖို႔နဲ႔ ေလေၾကာင္းခရီးမသြားဖို႔ မိဘေတြကို စတင္တိုက္တြန္းခဲ့ပါတယ္။ ဆြီဒင္ႏိုင္ငံတလႊား အပူလႈိင္းေတြ ျမင့္တက္ၿပီး ေတာမီးေတြ ေလာင္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာေတာ့ ဂရီတာ သန္းဘတ္ဟာ ေက်ာင္းမတက္ဘဲ ဆြီဒင္လႊတ္ေတာ္ အေဆာက္အအုံေရွ႕မွာ တကိုယ္ေတာ္ ဆႏၵျပခဲ့ပါတယ္။ ဒါဟာ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ သူ႔ရဲ႕ ပထမဆုံး ေျခလွမ္းတခုပါ။ သန္းဘတ္ရဲ႕ ဖခင္ကေတာ့ သမီးျဖစ္သူ ေက်ာင္းပ်က္တာကို မႀကိဳက္ေပမယ့္ သူ႔ရဲ႕ ရပ္တည္ခ်က္ကိုေတာ့ အေလးထားတယ္လို႔ ေျပာခဲ့ပါတယ္။

သန္းဘတ္ဟာ သူရဲ႕ ဆႏၵျပလႈပ္ရွားမႈ ဓာတ္ပုံေတြကို အင္စတာဂရမ္၊ တြစ္တာ စတဲ့ လူမႈမီဒီယာေတြမွာ ေဖာ္ျပခဲ့တာေၾကာင့္လည္း သူ႔ရဲ႕လႈပ္ရွားမႈေတြက လ်င္လ်င္ျမန္ျမန္ ထိထိေရာက္ေရာက္  ပ်ံ႕ႏွံ႔ခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရး လႈပ္ရွားမႈမွာ ကမာၻ႔ႏိုင္ငံေပါင္း ၂၇၀ ေက်ာ္က ေက်ာင္းသားေပါင္း ႏွစ္ေသာင္းေက်ာ္က ပါဝင္ဆင္ႏႊဲေနၾကပါၿပီ။

ဂရီတာ သန္းဘတ္က “ရာသီဥတု ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး စစ္မွန္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြ လုပ္ဖို႔ မေန႔က တကမာၻလုံးမွာ သန္းခ်ီတဲ့လူေတြ ခ်ီတက္ ေတာင္းဆိုခဲ့ၾကတယ္။ အထူးသျဖင့္ လူငယ္ေတြေပါ့။ ဒီလႈပ္ရွားမႈက က်မတို႔ေတြ စည္းလုံးညီၫြတ္ၾကတယ္ ဆိုတာနဲ႔ လူငယ္ေတြကို ဟန႔္တားလို႔ မရႏိုင္ဘူး ဆိုတာ သက္ေသျပေနတာပဲ”လို႔ ေျပာပါတယ္။

ႏိုင္ငံေရးသမားေတြအေနနဲ႔ ရာသီဥတု ကပ္ေဘးေတြကို အေရးယူ လုပ္ေဆာင္ဖို႔ တာဝန္ ပ်က္ကြက္တာကိုလည္း သန္းဘတ္က  ဆန႔္က်င္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Fridays for Future ေသာၾကာေန႔ လႈပ္ရွားမႈဟာ တကမာၻလုံးကို က်ယ္က်ယ္ျပန႔္ျပန႔္ လႈပ္ခတ္ခဲ့တာနဲ႔အတူ သန္းဘတ္ကိုလည္း ႏိုင္ငံတကာက စိတ္ဝင္စားလာၾကၿပီး ကုလသမဂၢနဲ႔ ဥေရာပသမဂၢ ဖိုရမ္ေတြအထိ ဖိတ္ၾကားခံခဲ့ရပါတယ္။ ႏိုင္ငံတကာ ဖိုရမ္ေတြကို တက္ေရာက္လာတဲ့အခါမွာလည္း သန္းဘတ္ဟာ ကမာၻႀကီး ပူေႏြးလာမႈကို ေလွ်ာ့ခ်ဖို႔၊ ကာဗြန္ ထုတ္လႊတ္မႈေတြေ ေလွ်ာ့ခ်ဖို႔ စတဲ့အခ်က္ေတြကို ထပ္တလဲလဲ ေတာင္းဆိုခဲ့ပါတယ္။

“က်မ ေျပာတဲ့ စကားကို နားမေထာင္ေစခ်င္ဘူး။ သိပၸံပညာရွင္ေတြ ေျပာတာကို နားေထာင္ေစခ်င္တယ္။ ၿပီးေတာ့ ရာသီဥတု ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး တကယ္လက္ေတြ႕ အေရးယူ ေဆာင္႐ြက္ေပးေစခ်င္တယ္” ဂရီတာ သန္းဘတ္က ေျပာပါတယ္။

သန္းဘတ္ဟာ ဗာတီကန္ၿမိဳ႕မွာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္နဲ႔ ေတြ႕ဆုံၿပီး သူ႔ရဲ႕ လႈပ္ရွားမႈေတြအေၾကာင္း သတင္းပါးခဲ့သလို ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ သမၼတေဟာင္း ဘားရက္ အိုဘားမားနဲ႔လည္း ေတြ႕ဆုံခဲ့ပါေသးတယ္။

စက္တင္ဘာ ၁၈ ရက္ေန႔မွာေတာ့ အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီရဲ႕ ရာသီဥတုဆိုင္ရာ ဆပ္ေကာ္မတီမွာလည္း ရာသီဥတု ‌ေျပာင္းလဲမႈကို ဘယ္လို အေရးယူ ေဆာင္႐ြက္သင့္တယ္ဆိုတာကို အႀကံျပဳခဲ့ပါတယ္။

အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ Amnesty International က သန္းဘတ္နဲ႔ သူ ဦးေဆာင္တဲ့ Fridays for Future လႈပ္ရွားမႈကို ၂၀၁၉ ခုႏွစ္အတြက္ အသိတရား သံတမန္ဆု ခ်ီးျမႇင့္ခဲ့ပါေသးတယ္။

“ဒီဆုက Fridays for Future လႈပ္ရွားမႈကို အတူတကြ လုပ္ခဲ့ၾကတဲ့ တကမာၻလုံးက သန္းခ်ီတဲ့ လူေတြ၊ လူငယ္ေတြ အားလုံးအတြက္ ျဖစ္တယ္။ က်မတို႔ရဲ႕ ဘဝေတြအတြက္ က်မတို႔ တိုက္ပြဲဝင္ၾကတယ္။ ဒါတင္မကပါဘူး၊ အနာဂတ္ ကေလးငယ္ေတြအတြက္ က်မတို႔ တိုက္ပြဲဝင္ေနၾကတာပါ” လို႔ ဆြီဒင္ ဆယ္ေက်ာ္သက္ ဂရီတာ သန္းဘတ္က ေျပာပါတယ္။

အခုလအေစာပိုင္းေတာ့ သူဟာ ကာဗြန္ဓာတ္ေငြ႕ကင္းတဲ့ ႐ြက္ေလွတစင္းနဲ႔ အတၱလႏၲိတ္ သမုဒၵရာထဲမွာ ႐ြက္လႊင့္ခဲ့ၿပီး နယူးေယာက္ၿမိဳ႕ကို ေရာက္လာခဲ့ပါတယ္။ အဲဒီခရီးစဥ္ဟာ ကမာၻႀကီး ပူေႏြးလာမႈကို လ်င္လ်င္ျမန္ျမန္ ေျဖရွင္းၾကဖို႔ အသိေပး လႈံ႕ေဆာ္တဲ့ လႈပ္ရွားမႈလည္း ျဖစ္ပါတယ္။ အေမရိကန္ကို ေရာက္လာခ်ိန္မွာပဲ သန္းဘတ္ဟာ နယူးေယာက္ၿမိဳ႕ ရာသီဥတု ေျပာင္းလဲမႈ လူထုစုေဝးပြဲကို ဦးေဆာင္ခ်ီတက္ခဲ့ပါေသးတယ္။

စက္တင္ဘာ ၂၀ ရက္ေန႔မွာ ျပဳလုပ္တဲ့ အဲဒီလႈပ္ရွားမႈမွာ  နယူးေယာက္ၿမိဳ႕က ေထာင္ခ်ီတဲ့ လူငယ္၊ လူႀကီးေတြ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ စက္တင္ဘာ ၂၀ ရက္ေန႔ ေသာၾကာေန႔မွာပဲ အေမရိကန္သာမက ဘရာဇီး၊ ျပင္သစ္၊ ဂ်ာမနီ၊ ပိုလန္၊ ႐ုရွား၊  ၿဗိတိန္၊ ထိုင္း၊ ေတာင္ကိုရီးယား၊ အင္ဒိုနီးရွားနဲ႔ အိႏၵိယ စတဲ့ ကမာၻ႔ႏိုင္ငံေတြမွာ လူငယ္ေတြ ဦးေဆာင္တဲ့ Fridays for Future ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရး ခ်ီတက္ဆႏၵျပပြဲ ေပၚေပါက္လာခဲ့ၿပီး တကမာၻလုံး အတိုင္းအတာထိ ပါဝင္တဲ့ လႈပ္ရွားမႈႀကီးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။



သန္းဘတ္ဟာ ၂၀၁၉ ခုႏွစ္ ေမလမွာ ကမာၻေက်ာ္ တိုင္းမ္မဂၢဇင္းရဲ႕ မ်က္ႏွာဖုံးမွာ ေဖာ္ျပခံခဲ့ရၿပီး မ်ိဳးဆက္သစ္ေခါင္းေဆာင္တေယာက္လို႔ ကင္ပြန္းတပ္ ဂုဏ္ျပဳခံခဲ့ရပါတယ္။ ဒါ့အျပင္ သူဟာ အခုႏွစ္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုအတြက္လည္း အမည္စာရင္း တင္သြင္းခံထားရပါေသးတယ္။

၂၀၁၉ ႏွစ္ကုန္မွာ ခ်ီးျမႇင့္မယ့္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကို ရခဲ့မယ္ဆိုရင္ေတာ့ သန္းဘတ္ဟာ ဒီဆုကို ခ်ီးျမႇင့္ခံရတဲ့ အသက္အငယ္ဆုံးပုဂၢိဳလ္အျဖစ္ သမိုင္းမွတ္တိုင္တခု စိုက္ထူႏိုင္မွာ ျဖစ္ပါတယ္။

ဆုမြန္ၿဖိဳး

Ref: Reuters, Photo : Time

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013