DVB Logo
Home
မြန်မာသတင်း
Sex အကောင့်များတွင် ပညာတတ်များပါဝင်နေမှု နိုင်ငံအတွက် ရင်လေးဖွယ်ဖြစ်ဟု လွှတ်တော်အမတ်ပြော
DVB
·
December 14, 2018
Sex အကောင့်များတွင် ပညာတတ်များပါဝင်နေမှု နိုင်ငံအတွက် ရင်လေးဖွယ်ဖြစ်ဟု  လွှတ်တော်အမတ်ပြော
Donate to DVB

မြန်မာနိုင်ငံအတွင်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ သန်း ၂၀ ကျော်ရှိပြီး အဲဒီထဲက Sex အကောင့်နဲ့ အုပ်စုဖွဲ့ဆောင်ရွက်မှုတွေရှိနေပြီး အဲဒီထဲမှာ ပညာတတ်လူငယ်တွေ ပါဝင်နေတာဟာ နိုင်ငံအတွက် ရင်လေးစရာဖြစ်တယ်လို့ ကရင်ပြည်နယ် လှိုင်းဘွဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ဆက်သွယ်ရေး ၀န်ကြီးဌာနက သတင်းအချက်အလက် ဗဟိုဌာနကြီးတည်ဆောက်ခြင်း စီမံကန်းဆောင်ရွက်ဖို့ ကိုရီးယားနိုင်ငံမှ ချေငွေရယူခြင်းကိစ္စ ထောက်ခံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသွာတာပါ။

“လက်ရှိနိုင်ငံတွင်းမှာ  ဖေ့စ်ဘွတ်ခ် သုံးစွဲသူလူဦးရေဟာ သန်း ၂၀ အထက်မှာရှိပါတယ်။  ဖေ့စ်ဘွတ်ခ်ဟာ တဦးနဲ့တဦး လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ပြီးတော့ ဗဟုသုတရစရာ လူသားတွေအတွက် အကျိုးပြုစရာ အများကြီးရနိုင်ပါတယ်။ ဒါတွေရနိုင်သလို တဖက်ကလည်း မသမာတဲ့ ရည်ရွယ်ချက်တွေနဲ့ မကောင်းမှု ဒုစရိုက်မျိုးစုံ လုပ်လာနိုင်ပါတယ်။  ဖေ့စ်ဘွတ်ခ် အကောင့်တုအတွေ အများကြီးဖောင်းပွနေတဲ့နေရာမှာ မကောင်းတဲ့ sex အကောင့်တွေလည်း အများကြီးရှိနေသလို ငွေလိမ်လည်မှုတွေ၊ ပစ္စည်းလိမ်လည်ရောင်းချမှုတွေအပြင်ကို ခြိမ်းခြောက် အကြပ်ကိုင်မှုတွေ၊ ငွေညစ်တာတွေလည်းလုပ်နေတာတွေကို ကြားနေရပါတယ်။ Sex အကောင့်တွေဟာ အုပ်စုဖွဲ့ပြီးတော့ ဆောင်ရွက်နေတယ်လို့လည်း ကြားသိရပါတယ်။ လက်ရှိဒီအုပ်စုတွေမှာ ပညာတတ်လူငယ်တွေ ပါဝင်နေတာဟာ နိုင်ငံအတွက် ရင်လေးစရာတွေဖြစ်နေပါတယ်။ ဒီအုပ်စုတွေထဲမှာ မိန်းကလေးပညာတတ်တွေလည်း ပါဝင်နေတယ်လို့ ကြားသိရပါတယ်။  အခုလို အခြေအနေမှာ မိန်းကလေးတွေသာမကပဲ ယောက်ျားတွေအနေနဲ့ အထူးသဖြင့် ဂုဏ်သရေရှိလူကြီးတွေဟာလည်း သူတို့အဖွဲ့ရဲ့ ပစ်မှတ်အဖြစ်နဲ့ ဖြစ်လာနိုင်တဲ့ အနေအထား ရှိနေတာ ကြားသိရပါတယ်။”

ဒါ့အပြင် Cyber Crime Police ရဲ့ ဟော့လိုင်းဖုန်းနံပါတ် 0674015 ဟာလည်း ထိထိရောက်ရောက် မထိန်းချုပ်နိုင်တာ၊ ပြည်သူတွေအကျိုးကို မကာကွယ်နိုင်တာတွေ တွေ့ရတယ်လို့လည်း ထောက်ပြပြောဆိုသွားပါတယ်။

ဒါကြောင့် နိုင်ငံနဲ့ ပြည်သူတွေအတွက် အလွန်အရေးကြီးပြီး အန္တရာယ်ကြီးတဲ့ လူမသိသူမသိ ပြဿနာတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့နဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပြုနိုင်တဲ့ စီမံကိန်းဖြစ်တာကြောင့် ထောက်ခံတင်ပြလိုက်လို့ ဦးခင်ချိုက ပြောပါတယ်။

နည်းပညာအကူအညီနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ ၂၀၁၅ ခုမှာ ၅၃ မှု၊ ၂၀၁၆ ခုမှာ ၂၈၁ မှု၊ ၂၀၁၇ ခုတွင် ၅၅၅ မှုနဲ့ အခု ၂၀၁၈ ခု ဇွန်လ အထိ ၃၂၈ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံနဲ့အရှက်ခွဲတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တာ (Personal Attack)၊ ခြိမ်းခြောက်ငွေညှစ်တာ၊ အစော်ကားခံရတာတွေ ကြုံတွေ့လာပါက ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောသက်သေ အထောက်အထား (Electronic Record) နဲ့ တရားစွဲဆိုနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်းပညာဌာနမှ ထုတ်ပြန်ထားပါတယ်။

တိုင်ကြားမှုများအတွက် ဖုန်းနံပါတ် ၀၆၇-၄၀၇၁၅၈ (Cyber Crime Police) နဲ့ သက်သေအထောက်အထား ခိုင်လုံပါက သက်ဆိုင်ရာမြို့နယ် တရားရုံးနဲ့ နယ်မြေရဲစခန်းတွေမှာ ဆက်သွယ်ရေးဥပဒေနဲ့ ဦးတိုက်လျှောက်ထား တိုင်တန်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013