DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးသစ်လေလံ ကလေးဒေသလုပ်ငန်းရှင်များကို ဦးစားပေးချပေးရန် တောင်းဆို
DVB
·
June 4, 2018
ဖမ်းဆီးသစ်လေလံ ကလေးဒေသလုပ်ငန်းရှင်များကို ဦးစားပေးချပေးရန် တောင်းဆို
Donate to DVB

ကလေးဒေသတွင်းမှာ ဖမ်းဆီးရမိတဲ့ ပုံစံ (၈) လေလံတွေကို ကိုယ့်ဒေသ လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေး လေလံချပေးမှသာ ဒေသတွင်း သစ်ဈေးကွက်မှာ သစ်ဈေးဟာ သင်တင့်မျှတမှု ရှိလာမယ်လို့ ကလေးမြို့ သစ်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကိုငြိမ်းချမ်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကတော့ ကိုယ့်ဒေသက ဖမ်းမိတဲ့ ပုံစံ (၈) နဲ့ သိမ်းတဲ့ သစ်တွေကို လေလံပေးတဲ့အခါ ဒေသလုပ်ငန်းရှင်ပဲ ရစေချင်တယ်။ ဒါကို ကိုယ့်ဒေသက လုပ်ငန်းရှင်တွေကိုပဲ ဈေး သက်သက်သာသာနဲ့ ဆွဲခွင့်ပြုမယ်ဆိုရင် ဈေးသက်သက်သာသာလေးနဲ့ ဝယ်လို့ရမယ်။ အဲဒါဆိုရင် ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ သူ့ကိုဈေးသက်သက်သာသာနဲ့ ပြန်ရောင်း ပေးလို့ ရတာပေါ့။ နောက်ပြီး ဒါလေးတွေ ရှိလာတဲ့အတွက် တရားမဝင်လည်း နည်းနည်း ပပျောက်သွားမယ်လို့ ထင်တယ်။”

သစ်လေလံတွေနဲ့ ပတ်သက်ပြီး ယခင်က မြန်မာ့သစ်လုပ်ငန်း လေလံကို အသေးစား အလတ်စား နယ်လုပ်ငန်းရှင်တွေကိုယ်တိုင် ရန်ကုန်ကိုသွားရောက် လေလံပြိုင်ရတာဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအတွက် အဆင်ပြေပေမယ့် ဒေသတွင်းအတွက်တော့ ဈေးကွက်မှာ ဈေးမြင့်မားမှုတွေရှိနေပြီး သစ်မှောင်ခိုမှုတွေက မြင့်တက်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရ ပါတယ်။

“ကျနော်တို့အနေနဲ့တော့ ဖမ်းဆီးသစ်တွေကို ပုံစံ(၈) နဲ့ တိုင်းကို တင်တယ်။ အဲဒီကနေ စိစစ်ပြီး ပြန်ပြီးလေလံချပေးတယ်။ လေလံကာလကိုတော့ ဘယ်လ ဘယ်လ ဆိုပြီး သတ်မှတ်တာ မရှိပါဘူး။ အခုတော့ အထက်က ညွှန်ကြားချက်မှာ ဒေသတွင်း လေလံတွေကို ဒေသတွင်း လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေးချပေးဖို့ ညွှန်ကြားချက်ရှိနေပါပြီး” လို့ ကလေးမြို့နယ် သစ်တောဦးစီးဌာန တောအုပ်စောနိုင်လင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒေသတွင်း သစ်တောတွေအနေနဲ့ ဒီနေ့ကာလမှာ ထိန်းသိမ်းဖြည့်တင်းဖို့ အထူး လိုအပ်နေတဲ့ ကာလဖြစ်ပြီး သစ်မှောင်ခိုကိစ္စတွေ ပပျောက်ဖို့အတွက်လည်း နိုင်ငံတော် အစိုးရ အနေနဲ့ အကောင်းဆုံး မူဝါဒဥပဒေတွေ ရေးဆွဲဖို့ လိုအပ်နေတယ်လို့လည်း သစ်လုပ်ငန်းရှင် အချို့က သုံးသပ်နေကြပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013