DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းရန် ကုလတွင် မြန်မာအစိုးရ တရားဝင်ပြော
DVB
·
June 18, 2016
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းရန် ကုလတွင် မြန်မာအစိုးရ တရားဝင်ပြော
Donate to DVB

ရိုဟင်ဂျာ၊ ဘင်္ဂါလီ စတဲ့ အခေါ်အဝေါ်တွေအစား 'ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်း' လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ တရားဝင် ပြောဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ၂ ဦးရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်ပြချက်ကို မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ဇွန် ၁၇ ရက်နေ့က တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"လူမှုအသိုင်းအ၀ိုင်းနှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့အတွက် ‘ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်း” လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရအနေနဲ့ အားလုံးကို အကြံပြုတင်ပြချင်ပါတယ်။"

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ဒီလိုသုံးနှုန်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာကတည်းက ထုတ်ပြောခဲ့တာလို့ ဆိုပါတယ်။

“ဂျွန်ကယ်ရီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတဲ့အခါမှာလည်း ဒီ အသုံးအနှုန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တိတိကျကျ ရှင်းပြထားတာ ရှိပါတယ်။ အားလုံး လက်ခံနိုင်မယ့် အသုံးအနှုန်းဆိုတာ လောလောဆယ် ဒါတွေကတော့ အများကြီး အငြင်းပွားစရာ အပြန်အလှန် ပြောဆိုမှုတွေပေါ့လေ၊ တကယ့်ပညာရှင်တွေ ၀ိုင်းဆွေးနွေးကြရမယ့် အနေအထားပါ။ သို့သော်လည်းပဲ လောလောဆယ်မှာတော့ ဘယ်သူမှငြင်းလို့မရတဲ့ စာလုံးကတော့ ‘ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်း” လို့ သွားမယ်ဆိုပြီးတော့ ကျနော်တို့ ၀န်ကြီးကိုယ်တိုင် ခုန ဂျွန်ကယ်ရီရဲ့ သတင်းစာရှင်းပွဲမှာ တိတိကျကျ ပြောထားတာ၊ အဲ့ဒီမှာကတည်းက ကျနော်တို့ ရပ်တည်ချက်ကို တိတိကျကျ ပြောကြားထားပြီး ဖြစ်ပါတယ်။”

အစိုးရအနေနဲ့ ရိုဟင်ဂျာ၊ ဘဂါင်္လီ စတဲ့ အသုံးအနှုန်းတွေကို ပယ်ချတာ မဟုတ်ဘဲ ဒီ အသုံးအနှုန်းတွေနဲ့ အချိန်ကုန်မနေချင်လို့ ရှင်းထုတ်တာလို့လည်း ဆိုပါတယ်။

a'အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး သွေးဆူစေတဲ့ အသုံးအနှုန်းတွေကြောင့် ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အလွန်ခက်ခဲစေကြောင်း၊ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ဖြစ်၊ တခြား နေရာမှာပဲဖြစ်ဖြစ် လူတွေ  သွေးဆူ အုံကြွစေနိုင်တဲ့ အသုံးအနှုန်းအားလုံးကို မသုံးဘဲ ရှောင်စေချင်တယ်လို့ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013