Home
မြန်မာသတင်း
တီးတိန်မြို့  အထက်တန်းကျောင်းတွင် စစ်တပ်ကလုံခြုံရေးယူပြီး စစ်ဆေးနေ
DVB
·
June 16, 2023
354617821_3665412547022876_5993083294632951984_n

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ အထက (၁) အထက်တန်းကျောင်းရှေ့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်သားနဲ့ ရဲအင်အား ၁၀ ယောက်လောက်  ဇွန် ၁၄ ရက်ကစပြီး မနက် ၇ နာရီကနေ ညနေ ၄ နာရီ ကျောင်းဆင်းချိန်ထိ လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒါ့အပြင် ကျောင်းလာတက်တဲ့ အထက်တန်းအရွယ် ကျောင်းသားတွေနဲ့ တခြား ကျောင်းသားမိဘတွေကိုလည်း စစ်ဆေးတာတွေရှိတယ်လို့ ဆိုပါတယ်။

တီးတိန်မြို့ပေါ်မှာ အစိုးရစာသင်ကျောင်း ၇ ကျောင်းရှိပြီး အထက ၁ တီးတိန် ကျောင်းတကျောင်းသာ ကျောင်းဖွင့်နိုင်တာဖြစ်ပြီး ကျန်တဲ့ ကျောင်း ၆ ကျောင်းလုံးမှာ ကျောင်းတက်မယ့်သူ မရှိတာကြောင့် ပိတ်ထားရပါတယ်။

ချင်းပြည်နယ်ထဲက တခြားမြို့နယ်တခုဖြစ်တဲ့ ပလက်ဝမြို့မှာတော့ စစ်ကောင်စီလက်ထက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၁,၀၀၀ နီးပါး အောင်မြင်ခဲ့တာကြောင့် အောင်ချက်ကောင်းတယ်ဆိုပြီး တက္ကသိုလ်ဝင်တန်း ကျောင်းအပ်နှံသူတွေ များပြားနေကာ အထက ၁ မြို့မကျောင်းမှာ ထိုင်ခုံနဲ့ အခန်းတွေ လုံလောက်မှုမရှိတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

တီးတိန်မြို့မှာ အခုနှစ် ပညာသင်နှစ်အတွင်း ကျေးရွာ ၄၄ ရွာမှာ စာသင်ကျောင်းပေါင်း ၁၅၇ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး မနေ့ ဇွန် ၁၄ ရက်အထိ ကျောင်းအပ်နှံသူ ၉,၆၂၆ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024