Live
Home
မြန်မာသတင်း
မတူပီစစ်ရှောင်စခန်း ၂ ခုတွင် ငှက်ဖျားရောဂါဖြစ်ပွားနေသဖြင့် ဆေးဝါးအကူအညီလိုအပ်
DVB
·
June 10, 2023

ချင်းပြည်နယ် မတူပီမြိုနယ်က စစ်ဘေးရှောင်စခန်း ၂ ခုမှာ မိုးရာသီကာလ ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၀ ကျော်ရှိနေပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ မတူပီ CDF ကနေ သိရပါတယ်။

မတူပီမြို့နယ်အတွင်းက ကျေးရွာ ၅ ရွာ ‌ဒေသခံပြည်သူ ၁၂၀၀ ကျော် စစ်ဘေးရှောင်စခန်း ၂ ခုမှာ ခိုလှုံနေတာဖြစ်ပြီး ၁၀ ရက်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၀ ကျော် ရှိနေတယ်လို့  CDF မတူပီ တာဝန်ရှိသူက ပြောပါတယ်။

“တော်တော်များများ ငှက်ဖျားတွေဖြစ်နေကြတယ်၊ ကျနော်တို့ တပ်ဖွဲတွေမှာရှိတဲ့ ဆေးတပ်သားတွေကပဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးနေတယ်။ အခု မိုးတွင်းကာလဆိုတော့ ကျန်းမာရေးအတွက်  ခြင်ထောင်၊ ဆေးဝါးနဲ့ မိုးကာတွေ အဓိက အခက်အခဲ ရှိနေတယ်။” 

စစ်ဘေးရှောင်စခန်းအတွင်း မိုးရာသီကာလ ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွား နေကြတာဖြစ်ပြီး ဆေးဝါးလိုအပ်ချက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရာမှာ အခက်အခဲတွေဖြစ်နေပြီး ရောဂါဖြစ်ပွားသူ ပိုမိုများပြားလာမှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

မတူပီမြို့ အနီးအနားကျေးရွာက ပြည်သူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ရှောင်စခန်းနှစ်ခုမှာ  စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024