Home
မြန်မာသတင်း
ချောင်းဦး စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး  ၄  ဦးသေဆုံး၊ မြင်းမူမြို့နယ်၌ စစ်ကောင်စီစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
DVB
·
June 5, 2023

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ လဝကရုံးအနီးမှာ ဘန်ကာဆောက်နေထိုင်နေတဲ့ စစ်တပ်ဂိတ်ကို ဇွန် ၄ ရက် မနက်အစောပိုင်းက ဒေသတွင်းကာကွယ်ရေးအဖွဲ့က လျှပ်တပြတ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ယောက်သေဆုံးခဲ့ပြီး သေနတ် ၄ လက်နဲ့ လက်နက် ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း(၈)အဖွဲ့က ပြောပါတယ်။

KhinMonRevolution 1.0 အဖွဲ့ တာဝန်ရှိသူ တဦးက  "အခုလုပ်တာက တပ်ရင်း ၈ က လုပ်တာ။ ချောင်းဦးမှာအခြေပြုထားတဲ့ တခြားသောရင်းတွေလည်း အများကြီး ရှိပါ သေးတယ်။ ရင်းတွေ အားလုံးအတူပေါင်းပီး တပ်ပေါင်းစု သို့မဟုတ် စစ်ကြောင်း တကြောင်း ပုံစံမျိုး စုဖွဲ့ပြီး စစ်ရေး ဖော်ဆောင်ရင် ပိုပြီး အောင်မြင်နိုင်ပါတယ် "လို့ ပြောပါတယ်။

စစ်တပ်ဂိတ်ကိုကားနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သား ၄ ယောက် သေဆုံးကာ G3- သေနတ် ၄ လက်၊ ကျည်ဘောက် ၄ ခု နဲ့ ကျည် ၄၉ တောင့် ရန်သူ့ထံက ရရှိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မှာလည်း ထီးဆောင်းရွရှိ စစ်ကောင်စီစခန်းကို ဇွန် ၄ ရက် မနက် ၈ နာရီက တိုက်ခိုက်ခဲ့တာလို ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်-၇၊  Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင်ကိုသက်ကြီးက "ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ။ စခစခန်း တည့်တည့် ဗုံးသီးအလုံး၂၀ ချ တိုက်ခိုက်ခဲ့တယ်။ ဒရုန်း ၇ စီးအသုံးပြုတိုက်ခိုက်ခဲ့တာပါ။ ဒရုန်းမြင်းကွင်းထဲမှာ ၅ ကောင် သေတာ အတိကျမြင်ရတယ်။ ၁၀ ကောင် ဒဏ်ရာပြင်ထန်ရသွားတယ်" လို့ ပြောပါတယ်။

အခု တိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း -၇ Zeroပြောက်ကျားတပ်ဖွဲ၊ ကျောက်ဆည်ခရိုင်တပ်ရင်း၁ နဂါးနီ၊ ရွှေဘိုခရိုင်တပ်ရင်၁၅၊ မိုးညို LPDF၊MRTf Done Force အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဟာ  မုံရွာ-မန္တလေးကားလမ်းမောင်းနှင်နေကြတဲ့ ခရီသည်တင်ကား၊ ကုန်ကားတွေကို လမ်းပိတ်ကာ စစ်ဆေးနေတာကြောင့် ကားအစီးရေ ၄၀၀ လောက် ပိတ်ခဲ့တယ်လို့ လည်း ထီးဆောင်းရွာ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အရေအတွကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024