
ရှမ်း-ကယား နယ်စပ် မိုးဗြဲမြို့၊ ပွဲကုန်း ၂ ရပ်ကွက်တွင် နေထိုင်တဲ့ အမျိုးသား ၁ ဦး ဟာ စစ်တပ်လက်နက်ကြီး ထိမှန်ကာ ဦးခေါင်းပေါက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းထံက သိရပါတယ်။
ဇွန် ၃ ရက် မနေ့ မနက် ၆ နာရီက အသက် ၂၂ နှစ်အရွယ် ကိုအောင်ကျော်ဖြိုးဟာ နေအိမ်ရှေ့မှာ တံမြတ်စည်းလှဲနေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဦးခေါင်း၊ ပေါင်နဲ့ ဝမ်းဗိုက်ကို ယမ်းစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရကာ ပရိအသင်းများ အကူအညီနဲ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး လွိုင်ကော်ဆေးရုံသို့ရောက်ပြီး ခနအကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ရွှေလွိုင်ကော် ပရဟိတအသင်းတာဝန်ရှိသူက "မိုးဗြဲမြို့လည်ခေါင်မှာ ဒီမနက်အစောပိုင်း က လက်နက်ကြီး ၃ လုံးကျတယ်လို့ ပြောတယ်။ လူထိတာတော့ ဒီတစ်ယောက်ပဲရှိတယ်။ မိုးဗြဲ ပရဟိတအသင်းနဲ့ လွိုင်ကော်မြို့အထွက် နွားလဝိုးစစ်ဆေးရေးဂိတ်မှာ ကျနော်တို့ အသင်းနဲ့ ကားချင်းချိန်းပြီး လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ လူနာက ကားပေါ်မှာထဲက အသက်ငင်နေပြီ။ ဦးခေါင်းခွံပေါက်ထွက်တဲ့ ဒဏ်ရာကြောင့်ပဲ ဆေးရုံရောက်ပြီး ခဏကြာတော့ ဆုံးသွားတာ " လို့ ပြောပါတယ်။
ဇွန်လ ၂ ရက် နေ့လယ်ပိုင်းအချိန်က မိုးဗြဲမြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ် အသံတွေ ဆက်တိုက် ကြားနေရတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို ဂရုပြုကြဖို့ မိုးဗြဲ -PDF က သတိပေးထားပါတယ်။