
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အာရှလမ်းမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ ဗန်ကားတစီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
မေ ၃၁ ရက် ညနှောင်းပိုင်းက တရားမဝင် မြန်မာတွေ တင်ဆောင်လာတဲ့ကားကို စစ်ဆေးဖို့ တားဆီးရာ အရှိန်မြှင့်တင်မောင်းရာက တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲခဲ့တာပါ။
ကားကတိမ်းမှောက်ပြီး လန်လဲသွားရာက လူ ၆ ဦးကို တွန်းချခဲ့ပြီး ကားပေါ်ကျန်ခဲ့သူ ၄ ဦး မီးလောင်သေဆုံးခဲ့ပါတယ်။
သေဆုံးသွားသူတွေဟာ ရုပ်ရည်ပျက်စီးအောင် မီးလောင်ခံထားရတာကြောင့် အမျိုးသားလား၊ အမျိုးသမီးလား မသိရှိရတော့ဘဲ ရဲတပ်ဖွဲ့အနေနဲ့ သေဆုံးသူတွေဟာ ဘယ်နိုင်ငံကလဲ ဆိုတာလည်း အတည်မပြုနိုင်သေးပါဘူး။
Source -Thai BPS News