မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာကို မေ ၃၁ ရက် မနက် ၁၀ နာရီခွဲအချိန်က တပ်မ ၄၄ လက်အောက်ခံ ဘိုက္ကားတပ်စခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် လှည်းလမ်းကူး ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၆ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်မှာ မိသားစုဝင်ခြောက်ဦး အလုပ်လုပ်ပြီး နေအိမ်အောက် ထိုင်နေစဥ် ကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၆ ယောက်လုံး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။


ထိခိုက်ဒဏ်ရာရသူတွေကတော့ ကိုထွန်းလင်း၊ ကိုစောထွန်း၊ ကိုစောထွန်းဇနီး ကိုစောထွန်းသား၊ မောင်သိမ်းပိုက်စိုး၊ ကိုထွန်းလင်းသား မောင်မြင့်မြတ်လင်း အပါအဝင် သုံးဦးကတော့ စိုးရိမ်ရဒဏ်ရာလို့ တစ်ကိုယ်လုံးထိခိုက်ခဲ့ပြီး ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးရတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ လှည်းလမ်းကူးကျေးရွာကို စစ်ကောင်စီဘက်ကအင်အား ၁၀၀ ကျော် ဝင်ရောက်စီးနင်းခဲ့ရှာဖွေသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က မြေပြင်မှာ အထိအခိုက် အကျအဆုံး များလာလေလေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အရပ်သားရှိတဲ့ နေအိမ်တွေဘက်ကို မကြာခဏပစ်ခတ်လေ့ရှိတာ ဖြစ်ပါတယ်။