Home
မြန်မာသတင်း
ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ
DVB
·
May 30, 2023
181525-US-dollars-730x365

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်က အဝေးပြေးလမ်းမတခုပေါ်မှာ မေ ၂၈ ရက်က ကီလိုကျော်မောင်းနှင်ထွက်ပြေးတဲ့ ကားတစီးကို လိုက်လံဖမ်းဆီးရာကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

မေ ၂၈ ရက်က ထောင်ဖာဖွန်-ဆိုင်ယွတ် လမ်းပိုင်းမှာ SUVအမျိုးအစား အမဲရောင်ကားတစီးက စစ်ဆေးရေးဂိတ်အရောက်မှာ ကီလိုကျော် မောင်းနှင်ထွက်ပြေးသွားခဲ့တဲ့အတွက် တာဝန်ကျ ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ပြီး စစ်ဆေးရေးဂိတ်နဲ့ ၁၀ ကီလိုမီတာခန့်အကွာမှာ ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ ထွက်ပြေးမောင်းနှင်တဲ့ကားကိုစစ်ဆေးရာ ထိုင်းနိုင်ငံသားယာဥ်မောင်းနဲ့အတူ မြန်မာနိုင်ငံသား ၁၇ ဦးကို တွေ့ရှိခဲ့တဲ့အတွက် စစ်ဆေးရာကနေ ထိုင်းအမျိုးသားယာဥ်မောင်းက သယ်ယူပို့ဆောင်ခ ဘတ် ၃၀၀၀ ရရှိတဲ့အတွက် ခေါ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

​ဖမ်းဆီးရမိတဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေက ရခိုင်၊ ပဲခူး၊ မော်လမြိုင် ဒေသတွေက ပွဲစားကတဆင့် ငွေတဝက်ပေးချေကာ ထိုင်း-မြန်မာနယ်စပ် စံခလဘူရီခရိုင်တောလမ်းကနေ လာရောက်တာဖြစ်ပြီး ဘန်ကောက်၊ စမွတ်ဆခွန်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ကိုင်မှာဖြစ်ကာ နေရာရောက်ရင် ပွဲစားခ နောက်ထပ်တဝက် ထပ်မံပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ထိုင်းအမျိုးသားကို ကယ်ရီမှု၊ လူ ကုန်ကူးမှုတွေနဲ့ တရားစွဲဆိုနိုင်ဖို့ စီစဥ်နေပြီး တရားမဝင်မြန်မာနိုင်ငံသား ၁၇ ဦးအား လူဝင်မူကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ ဆိုင်ယွတ်ရဲစခန်းကို ပို့ဆောင်ထားပြီး မြန်မာတဦးမှာ ကိုဗစ်ရောဂါတွေ့ရှိရတဲ့အတွက် ကွာရန်တင်း ၃ ရက်ဝင်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရေး အခြေအနေအရ၊ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်စျေးနှုန်းမြင့်တက်လာမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ နီးစပ်ရာအိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာကြပြီး မကြာခဏဆိုသလို ထိုင်းနယ်စပ် နေရာအသီးသီးမှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံနေရတာပါ။ 

၂၀၂၃ ခုနှစ် မေလအတွင်း ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိနေပြီလို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

source-CH7HD News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024