Home
မြန်မာသတင်း
ကျိုက်ထိုမှာ အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး
DVB
·
May 25, 2023
349312039_928227195151796_4043708255450611993_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အဘိုင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာမှာ မေလ ၂၄ ရက်နေ့ညက အမျိုးသားတယောက်  မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်းရွာခံတွေဆီက သိရပါတယ်။

ည ၈ နာရီခွဲလောက်  မိုးသည်းထန်စွာရွာနေချိန် သရက်ကုန်းရွာ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံအတွင်း တဲအိမ်ကို မိုးကြိုးပစ်ခဲ့လို့  ရော်ဘာခြံစောင့်ဖြစ်သူ ကိုနိုင်ရဲထွန်း ၂၅နှစ် မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။

သေဆုံးသူရဲ့ ဇနီးဖြစ်သူ မသဲစုမိုးကလည်း လည်ပင်းနဲ့ ပေါင်ခြံတို့မှာ မီးလောင်ဒဏ်ရာရရှိပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

သရက်ကုန်းရွာခံ တစ်ဦးက “သူတို့က အဘိုင်းရွာကနေ အဓိဋ္ဌာန်တောင်မှာ ရာဘာလာခြစ်ကြတာ၊ သူ့ယောကျ်ားကတော့ မိုးကြိုးထိပြီး သေသွားတယ်။ သူ့မိန်းမကတော့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်လိုက်ရတယ်” လို့ ပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာလည်း ဘီးလင်းမြို့နယ် ရွာတန်းရှည်ရွာမှာ အမျိုးသားတစ်ဦး လယ်ထဲ အလုပ်လုပ်နေစဉ် မိုးကြိုးထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024