
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မဲ့အိုင်မြို့ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးကို ထိုင်းအာဏာပိုင်တွေက မေလ ၂၀ ရက်နေ့က တောလမ်းတနေရာမှာ ဖမ်းဆီးခံရမိခဲ့တယ်လို့ ထိုင်းနိုင်ငံမီဒီယာတွေက ဖော်ပြထားပါတယ်။
ထိုင်းဘက်ခြမ်းကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၁၆ ဦးတို့ကို မဲ့အိုင်မြို့ မလိကာရွာအုပ်စု အမှတ် ၁ ဘန်းပစီအနီးက တောလမ်းတနေရာမှာ နယ်စပ်လုံခြုံရေးဆောင်ရွက်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ထိုင်းလဝကက ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ ဖမ်းဆီးရမိသူတွေကိုစစ်ဆေးရာ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦး အမျိုးသမီး ၅ ဦးတို့ဖြစ်ပြီး ချင်းရိုင်ခရိုင် ဝပ်ပါပေါက်မှာ အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ခိုးဝင်လာတာလို့ အလုပ်သမားတွေက ထွက်ဆိုခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မေလ ၁၄ ရက်ကလည်း မြန်မာနိုင်ငံသား ၁၂ ဦး၊ မေလ ၁၇ ရက်က ၃ ဦး၊ မေလ ၁၉ ရက်နေ့မှာ ၃၂ ဦးတို့ကို အသီးသီးဖမ်းဆီးရမိခဲ့တဲ့အတွက် တပတ်အတွင်း ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇ဝ နီးပါးရှိနေပြီဖြစ်ပါတယ်။
မဲဆောက်မြို့ထဲကို မေလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ထိုင်းနိုင်ငံကတာဝန်ရှိသူတွေက တရားမဝင်လုပ်သားတွေ ဖမ်းဆီးမယ်လို့သတင်းထွက်ပေါ်နေတဲ့ ဖမ်းဆီးခံရမှာစိုးရိမ်နေကြတယ်လို့ မဲဆောက်မြို့ရှိ မြန်မာအသိုက်အဝန်းထံက သိရပါတယ်။
source - CH 7 HD/Thai News