Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် မြန်မာ ၃၂ ဦး ဖမ်းဆီးခံရ
DVB
·
May 22, 2023
347435442_1279610119344330_2656285320334634860_n

ထိုင်းနိုင်ငံ၊ နခွန်ပထုဥ်ခရိုင်၊ဘန်လင်မြို့နယ်က ကြာဇံစက်ရုံကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၂ ယောက်ကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

မေ ၁၉ ရက် နေ့လယ်ပိုင်းက သတင်းအရ ထိုင်းအာဏာပိုင်တွေက ဘန်လင်မြို့က စက်ရုံတရုံကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား အလုပ်သမား ၄၉ ယောက်၊ မြန်မာနိုင်ငံသားအလုပ်သမား ၁၂၁ ယောက်တို့ကို တွေ့ရှိခဲ့ပြီး စစ်ဆေးရာကနေ မြန်မာနိုင်ငံသား ၃၂ ဦးမှာ  အထောက်အထား တစုံတရာ မရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ခိုးဝင် မြန်မာနိုင်ငံသား ၃၂ ယောက်ကို ဘန်လင်မြို့ရဲစခန်းကို ပို့ဆောင်ထားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

လက်တလော နိုင်ငံရေး၊ စစ်ရေးအရ မြန်မာနိုင်ငံသားတွေ နီးစပ်ရာ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးနေရပြီး ထိုင်းနိုင်ငံတွင်းမှာလည်း မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရသလို ထိုင်းရဲတွေကလည်း မြို့တွင်း လုံခြုံရေးအကြောင်းပြကာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မြန်မာ နိုင်ငံသားတွေကို ပိုမိုဖမ်းဆီးငွေညှစ်နေပါတယ်။

soure - Maesot media

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024