Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ စစ်ဘေးသင့်ပြည်သူများကို ကူညီရန် ဂျပန်ရောက်မြန်မာများ အလှူခံ
DVB
·
May 1, 2023
344347140_634817844649029_8242260105779810575_n
344344666_197425786426342_7879293688575781879_n
344349420_3506548722967547_4429363539791746423_n
344271002_573446588224895_6044691815573207032_n
344537870_786989026377242_7569265074978185155_n

စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီပေးဖို့ ဂျပန်နိုင်ငံရောက် Beyond the Chindwin Organization (B.C.O) အဖွဲ့ဝင်တွေက ဧပြီ ၃၀ ရက်မှာ ဂျပန်နိုင်ငံ၊ အုအဲနိုပန်း​ခြံရှေ့မှာ အလှူငွေကောက်ခံခဲ့ရာမှာ ဂျပန် ယန်းငွေ ၁၂၂၉၈၈ လက်ခံ ရရှိခဲ့ပါတယ်လို့ BCO အဖွဲ့က ထုတ်ပြန်ပါတယ်။

အလှူငွေတွေကို စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေကို တိုက်ရိုက်ပေးပို့ကူညီ လှူဒါန်းသွားမယ်လို့ BCO ဂျပန် တာဝန်ခံ မအိတုန်ကပြောပါတယ်။

“အဓိက လုပ်ဖြစ်တာက ၅/ ပေါ့နော်။ ဘာကြောင့်ဆို စစ်ကိုင်းတိုင်းက အများဆုံး စစ်ဘေးခံနေရတာရယ်၊ ကျနော်တို့ အဖွဲ့မှာ ၅/ က များတာရယ် ကြောင့်ပါ။ ယနေ့ အလှူခံ ရရှိငွေကတော့ ပျမ်းမျှ မြန်မာငွေ ကျပ် ၂၅ သိန်းနဲ့ ၂၆ သိန်းကြား ရှိပါတယ်။”

BCO ကို ဖွဲ့စည်းတည်ထောင်တာ တစ်လလောက်ပဲ ရှိပြီး  စစ်ကိုင်းတိုင်းမှာလည်း BCO ရဲ့ မြေပြင်အဖွဲ့ရှိတာကြောင့် မြေပြင်ကို ကျပ် ၁၅ သိန်း ပေးပို့လှူဒါန်းထားပြီးကြောင်း၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားကြဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

အခုနှစ် ဧပြီလဆန်းပိုင်းကမှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့  Beyond The Chindwin Organization (BCO)အဖွဲ့အနေနဲ့ ဧပြီ ၁၆ ရက်က အုအဲနိုပန်းခြံရှေ့၊ ဧပြီ ၂၃ ရက်မှာ အိခဲဘုခုရို ဘူတာရှေ့တို့မှာ အလှူခံခဲ့ဖူးပြီး အခု ဧပြီ ၃၀ ရက်မှာတော့ တတိယအကြိမ်ဖြစ် အုအဲနိုပန်းခြံရှေ့မှာ အလှူခံခဲ့ကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024