မွန်ပြည်နယ်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၂ မှုဖြစ်ပွား

မွန်ပြည်နယ်ထဲမှာ အခုရက်ပိုင်းတွေအတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ၂ မှုဖြစ်ပွားခဲ့ပြီး   မြို့နယ် ၂ မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာလို့  ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက  သိရပါတယ်။

မတ်လ ၁၆ ရက် မွန်းလွဲပိုင်းက ရေးမြို့၊ ရန်ကြီးအောင်ရပ်နေ အသက် ၅၁ နှစ် အရွယ် အမျိုးသားတယောက်ဟာ နေအိမ်တွင်းမှာဘဲ  ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်

မတ် ၁၇ ရက် မနက် ၃ နာရီခွဲလောက်ကလည်း မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ဒေါင်းမင်းရပ်နေအိမ်မှာ အသက် ၄၀ အရွယ် သားသမီး ၄ ယောက်ရဲ့မိခင် အမျိုးသမီးတယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ဒေသခံတယောက်က  ပြောပါတယ်။

အခုလို အဆုံးစီရင်မှုတွေဟာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာ အများဆုံးဖြစ် လာပြီ  စိတ်ဖိစီးမှုတွေကြောင့်နဲ့ စိတ်ကျရောဂါကြောင့် ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

အခုလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေထဲမှာ  အသက် ဆယ်ကျော်သက်အရွယ်နဲ့  အသက် ၅၀ ကျော်ကြားမှာ ပိုမိုအဖြစ်များပြီးတော့ အိမ်ထောင်ရေး လူမှုရေးကိစ္စနယ်ပယ်ပြဿနာတွေကြောင့် အဖြစ်များလာခဲ့တယ်လို့ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေထံက သိရပါတယ်။ 

More News
Up