Home
မြန်မာသတင်း
စက်သုံးဆီသုံးစွဲမှု စိစစ်ခွင့်ပြုမည်ဟု စစ်အုပ်စု ဒုခေါင်းဆောင် ပြော
lusane
·
March 10, 2023

အသုံးစရိတ်မြင့်မားတာကို ရှောင်ရှားတဲ့အနေနဲ့  စက်သုံးဆီသုံးစွဲမှုတွေကို စိစစ်ခွင့်ပြုသွားမယ်လို့ စစ်အုပ်စုဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့အရ အသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။

စက်သုံးဆီစျေးက ကမ္ဘာ့တဝန်း ဈေးနှုန်းမြင့်တက်နေတဲ့ အခြေအနေကြောင့် စက်သုံးဆီကို ပြည်ပက မှာယူတင်သွင်းရာမှာ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းအောင် အသုံးစရိတ်မြင့်မားတာကို ရှောင်ရှားတဲ့အနေနဲ့ စက်သုံးဆီသုံးစွဲမှုကို  တက်နိုင်သမျှ လျှော့ချသုံးစွဲကြရမယ်လို့ ပြောဆိုခဲ့ပြီး အခုနှစ်မှာ စက်သုံးဆီသုံးစွဲမှုတွေကို အုပ်ချုပ်မှုသုံးအတွက်ရော လုပ်ငန်းသုံးတွေအတွက်ပါ  စိစစ်ခွင့်ပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘတ်ဂျတ်အသုံးစရိတ်မြင့်မားတာကို ရှောင်ရှားတဲ့အနေနဲ့ စက်သုံးဆီ သုံးစွဲမှုကိုပါ လျှော့ချမယ်လို့ စစ်အုပ်စု ဒုတိယအကြီးအကဲ စိုးဝင်းက  ပြောဆိုပေမဲ့ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ  စစ်ကောင်စီဟာ ကာကွယ်ရေး အသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၄၀၀၀ ကျော်အထိ သုံးဖို့ လျာထားပါတယ်။

လူထုအတွက် အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာတော့ ပညာရေးအတွက် ကျပ် ဘီလီယံ ၂,၀၀၀ ကျော် နဲ့ ကျန်းမာရေးအတွက် ကျပ် ဘီလီယံ ၈၆၀ ကျော်သာ လျာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024