Monday, June 5, 2023
HomeLead Storyစစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် အယ်ဖာဘိလပ်မြေစက်ရုံ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် အယ်ဖာဘိလပ်မြေစက်ရုံ ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ အယ်ဖာဘိလပ်မြေစက်ရုံကို အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

စက်ရုံမှာ စစ်ကောင်စီတပ်သား အင်အား ၇၀ ကျော် လုံခြုံရေးယူထားပြီး နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နဲ့ ညီနောင်မဟာမိတ် MRF(မဟာတော်လှန်ရေးတပ်ဖွဲ့)၊ တိုက်သိမ်း(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ MDY PDF (Mongoose Squadron) တပ်ခွဲ၊ ဇာမဏီ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ ဒေါင်းစစ်သည် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ တိတိကျကျမသိရသေးဘူးလို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က ထုတ်ပြန်ထားပါတယ်။

လတ်တလော အယ်ဖာဘိလပ်မြေစက်ရုံဟာ လည်ပတ်မှုမရှိပဲ ရပ်တန့်နေတာ တလ နီးပါးရှိပြီလို့ ဒေသခံတွေထံက သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular