စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်
ပိုင်စိုး
·
March 22, 2014
စားသုံးသူကာကွယ်ရေးဥပဒေမှာ လူမှုအဖွဲ့အစည်းတွေပါဝင်နိုင်ဖို့ ထည့်သွင်းရေးဆွဲ ထားပေမယ့် လက်တွေ့အခြေအနေမှာ ခက်ခဲမှုတွေ ရှိနေတယ်လို့ စားသုံးသူ ပညာပေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
ဒီအတွက် ဥပဒေပါ အချက်အလက်အလက်တချို့ကို ဖြည့်စွက်ပေးဖို့အတွက် ပြင်ဦးလွင်မြို့နယ်၊ ၀ါးပိုးရေရွာမှာ ပြုလုပ်ခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်မှာ ကုန်စည်တွေ ထုပ်ပိုးတဲ့အခါ အသုံးပြုပစ္စည်းအညွှန်းတွေကို မြန်မာဘာသာနဲ့ ဖော်ပြဖို့၊ ဈေးကွက်ထဲက ကုန်စည်နဲ့ ၀န်ဆောင်မှုတွေကို စမ်းသပ်ဖို့အတွက် သီးခြားလွတ်လပ်တဲ့ စားသုံးသူတွေရဲ့ ဓာတ်ခွဲခန်းတွေ တည်ထောင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒီကြေညာချက်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စားသုံးသူအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့လည်း မပိန်းပိန်က ပြောပါတယ်။
လားရှိုးမြို့၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ဝင် ကိုလထနန်က သူဆွေးနွေးခဲ့တဲ့ အကြောင်းတချို့ကို ပြောပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကရုဏာမြန်မာအဖွဲ့က မဆိုင်းဘူ ကလည်း သူကြုံတွေ့ခဲ့ရတဲ့ စားသုံးသူတွေရဲ့ အခြေအနေကို ပြောပါတယ်။
စားသုံးသူကာကွယ်ရေး ဥပဒေကို အခုလ ၁၄ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အသံဖိုင် နားဆင်ရန်