Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၀၀ နီးပါး ဖမ်းဆီးခံရ
DVB
·
May 5, 2022
279936781_5080926501973021_2334964778857841221_n
279888010_5080926511973020_7360342488771019353_n

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်ထဲမှာ မြန်မာပြည်ဘက်နေ တရားမဝင် ဝင်ရောက်လာပြီး ဒေသအသီးသီးကို ဆက်လက် အလုပ်သွားလုပ်ဖို့ တောထဲကနေ ပွဲစားကို စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၀၀ နီးပါး တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

မေ ၄ ရက် မနက်က စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဥပဒေချိုးဖောက်မှုနဲ့ လုံခြုံရေး စောင့်ကြပ်စစ်ဆေးစဉ် မနက် ၂ နာရီကျော်လောက်မှာတော့ ပရကျုပ်ခီရီခန်မြို့နယ် ကော်လတ်ကျေးရွာအုပ်စု ထုင့်ခလိတ်ကျေးရွာအနီး တောတောင်ထဲမှာ ခရီးပန်းပြီး အိပ်စက်နေတဲ့ လူတစုကို တွေ့ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့ထဲမှာ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၀ ဦး စုစုပေါင်း ၉၈ ဦးပါပြီး မြန်မာနိုင်ငံ ပဲခူး၊ မော်လမြိုင်၊ မကွေး၊ ထားဝယ် စတဲ့ဒေသကဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ ချွန်းပူးရီး၊ ပရကျူပ်ခီရီခန်နဲ့ ဖစ်ချပူရီ စတဲ့ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားအား ၁ ဦးကို ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ထိ ပေးခဲ့ရပြီး သူတို့လာအခေါ်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းပြီး လဝကဥပဒေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ထိုင်းစစ်တပ် Royal Thai Army သတင်းမှာ ဖော်ပြသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024