Home
မြန်မာသတင်း
ပုသိမ်တွင် မီးလောင်မှုကြောင့် အိမ်ဆိုင် ၁ ဆိုင် မီးလောင်ဆုံးရှုံး
DVB
·
February 26, 2022
274730601_1287730958377911_5300069052286368832_n
274703017_1287731001711240_2360757536495606403_n
274683706_1287731055044568_2958830884515903660_n
274661357_1287731098377897_8255539986297309543_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက် ငဝန်ကျွန်းသာ ၄ လမ်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

လမ်းအလယ်လောက်မှာရှိတဲ့ အိမ်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘေးအိမ်ကို မီးကူးစက်နေချိန်မှာ မီးသတ်ကားတွေရောက်လာခဲ့လို့ တခြားနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာ မရှိခဲ့ဖူးလို့  ဒေသခံတွေက ပြောပါတယ်။ 

“မီးသတ်ကားလာတာမြန်လို့ စလောင်တဲ့အိမ်က ဆိုင်ဖွင့်ထားတာ ကော်ပစ္စည်းတွေရော အထည်တွေ၊ ကုန်ခြောက်တွေစုနေတော့ လောင်အားကောင်းသွားတာ။ မီးသတ်ကား ၅ စီးလောက်လာပြီး ငြှိမ်းလို့ ထိန်းလိုက်နိုင်တာ၊ ကံကောင်းတာက တိုက် ၂ လုံးကြားမှာ လောင်တာလဲပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မီးစတင်လောက်ကျွမ်းချိန်မှာ အနောက်ဘက်လမ်းကို မီးကူးတော့မယ့် ပုံစံဖြစ်ပေမဲ့ လူအားနဲ့ မီးသတ်ကားတွေ ဝိုင်းဝန်း မီးငြှိမ်းသတ်တာကြောင့် နေအိမ် ၁ လုံးသာ ဆုံးရှုံးခဲ့ပြီး လူတွေလည်း သေဆုံးဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

မီးလောင်မှုနဲ့ပတ်သက်ပြီး စတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေတုန်းလို့  မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024