မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကြားနဲ့ သီးကုန်းရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကြာညှပ် PDF က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃၁ ရက်နေ့ ည ၁၀ နာရီခွဲလောက် တကောင်းဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စတင်းဂန်းတပ်ဆင်ထားတဲ့ စစ်ကောင်စီကားတစ်စီးအား မိုင်းဆွဲနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်း ထိခိုက်မှုရှိနိုင်တယ်လို့ ကြာညှပ် PDF တပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"သူတို့ဘက်ကလုံခြုံရေးတွေ နည်းနည်း တိုးလာတာတွေရှိတယ်၊ နယ်မြေဘက်မှာကျတော့ တပ်နယ်မြေဖြစ်တဲ့အတွက် အခွင့်သာတဲ့အချိန်ကို ဝင်ရှင်းတယ်၊ ဝင်လုပ်တယ်။"
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။