Home
မြန်မာသတင်း
သံတောင်ကြီးတွင် စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် သေဆုံး
DVB
·
January 7, 2022

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကေအန်ယူ- တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ လေလော်ဒေးကျေးရွာ လိပ်သိုလ်မြို့ခွဲနဲ့ လွိုင်ကော်လမ်းမကြီးအနီး ကျောက်လုံးကြီးတပ်စခန်းက စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၃ ယောက် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့ ခလရ ၆၀၄ တပ်ရင်းက တပ်ဖွဲ့ဝင် ၃ ဦးဟာ ကျောက်လုံးကြီးတပ်စခန်းပေါ်ကနေ ရေဆင်းခပ်ရင်း အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်တာခံခဲ့ရတာလို့ ဆိုပါတယ်။

လေလော်ဒေးကျေးရွာသား တစ်ဦးက”အသံတော့ ကြားတယ်။ စကစက လက်နက်ကြီးပစ်တယ်ထင်တာ။ နောက်မှသိရတာက မိုင်းဆွဲခံရလို့ သူတို့ တပ်ဖွဲ့ဝင် ၃ ယောက် သေသွားတယ်ဆိုတာ သိရတယ်”လို့ ဆိုပါတယ်။

အလားတူ ဒီဇင်ဘာလက လိပ်သိုလ်မြို့အထူးဒေသ မင်းလမ်းတောင်အုပ်စု ချဉ်ပတောင်ကျေးရွာနဲ့ အာမရာ ကျေးရွာကြား လမ်းကင်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၂ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကရင်ပြည်နယ် KNU နဲ့ ကယားပြည်နယ် KNDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီရဲ့တပ်တွေက တောင်ငူ- သံတောင်- ဘောဂလိ- လွိုင်ကော်လမ်းပိုင်းကို အသုံးပြုကာ လူ၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး စစ်ယာဉ်တန်းတွေနဲ့အတူ အရပ်သားကားတွေပါရောပြီး နယ်မြေကျော် သွားလာနေတဲ့အတွက် မကြာခဏ မိုင်းဆွဲတိုက်ခံရတယ်လို့ ကေအန်ယူသတင်းရင်းမြစ်ထံက သိရပါတယ်

Photo-Taw Oo Karen News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024