Home
မြန်မာသတင်း
မုံရွာ-အမြင့်လမ်းခွဲကို ဖြတ်သန်းသွားလာခွင့်ယာယီပိတ်
DVB
·
December 30, 2021

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းခွဲကို ပြည်သူတွေဖြတ်သန်းသွားလာခွင့်ကို ဒီဇင်ဘာ ၂၈ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားလိုက်တယ်လို့ သိရတယ်။

ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်တာဝန်ရှိသူတဦးက “စစ်(--) တွေခြေရှုပ်နေတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ခဏပိတ်ထားလိုက်တာပါ။ ပြန်ဖွင့်မယ့်ရက်ကို ကြေညာပေးပါလိမ့်မယ်” လို့ ပြောပါတယ်။

မဟာမိတ်ညီနောင်ဒေသကာကွယ်ရေးတပ်တွေဖြစ်ကြတဲ့ Monywa Lightning PDF၊ Chaung U LDF၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်၊ Farmers Revolution Force CHU၊ ဗိုလ်မိုးကြိုး နှင့် အဖွဲ့သားများ၊ Monywa Underground Revolution တို့ ညှိနှိုင်းပြီး မုံရွာ-အမြင့်လမ်းခွဲကို ယာယီပိတ်ထားလိုက်တာလို့ ဆိုပါတယ်။

အခုလို လမ်းပိတ်ထားတဲ့အပေါ် မော်တော်ယာဉ်ပိုင်ရှင်တဦးက “ကားပိုင်ရှင်တွေကတော့ ဒုက္ခရောက်တာပေါ့။ ဒါပေမဲ့လည်း အများနဲ့ဆိုတော့ မထူးတော့ပါဘူး။ ကိုယ့်ထက်အများကြီးပိုပြီး ဒုက္ခပင်လယ်ဝေနေတဲ့သူတွေလည်း တပုံကြီးပဲလေ။ အနီးအနားက မြို့ရွာတွေကို ကုန်စည်စီးဆင်းမှုအတွက်ကတော့ တခြားနည်းလမ်းတွေသုံးရမှာပေါ့။ ကုန်စျေးနှုန်းမတက်ဖို့အတွက်လည်း ကြည့်ရဦးမယ်” လို့ ရှင်းပြပါတယ်။

မုံရွာ-အမြင့်ကားလမ်းပိုင်းကိုတော့ ဒီဇင်ဘာ ၁၉ ရက်ကစတင်ပြီး ည ၈ နာရီမှ  မနက် ၃ နာရီအထိ ပြည်သူတွေအနေနဲ့ လုံးဝဖြတ်သန်းသွားလာတာမပြုလုပ်ကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက အသိပေးကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024