နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံတ၀န်း ငြိမ်သက်ခြင်းသပိတ် Silent Strike ဆင်နွှဲကြတဲ့အနေနဲ့ ရန်ကုန်မြို့မှာ ဈေးတွေနဲ့ ဆိုင်တွေ ပိတ်ထားကြပြီး ပူးပေါင်း ပါဝင်နေကြတာကိုတွေ့ရပါတယ်။
စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားက နေရာတော်တော်များများမှာ ငြိမ်သက်ခြင်းသပိတ်စတင်တဲ့ မနက် ၁၀ နာရီနဲ့ ၄ နာရီ ကြား မတိုင်ခင် ရုံးသွားချိန်မှာပါ လမ်းမတွေပေါ်မှာ လူသူကင်းရှင်းနေတာ မြင်တွေ့ရပါတယ်။
ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးကတော့ ဒီနေ့မှာ ခရီးမသွားကြဖို့၊ အပြင်ထွက် လှုပ်ရှားမှုတွေ မလုပ်ကြဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။