Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်တပ်ပစ္စည်းပို့ယာဉ်နှင့် တရားမဝင်သစ်များကို PDF က ဖမ်းဆီး
DVB
·
December 2, 2021
263279078_2980356642279239_2473156206329261843_n
263108303_2980577315590505_6170753456759190415_n
262512355_2980356755612561_3822799823774819826_n
262502042_2980356788945891_1712500283715449470_n
262315184_2980577445590492_4900827115943310755_n
262229937_578631286546400_3258402887577497901_n
262065833_2980356595612577_6635066230957865285_n
262049693_2980577388923831_5244912806498999822_n
262019419_578631456546383_8171729944589574267_n
261972987_2980356712279232_8276490573037125950_n
261773396_2980577425590494_1070096970488501231_n
260894700_578631373213058_3491862860344575603_n
999

စစ်ကိုင်းတိုင်း မြောင်၊ ကောလင်းနဲ့ ကနီမြို့နယ်တို့မှာ တရားမဝင်သစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ္စည်းပို့ ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း မြောင်ရဲစခန်းကနေ ကျောက်ရစ်ရဲစခန်းကို ပစ္စည်းပို့တဲ့ စစ်ကောင်စီ ယာဉ်တစ်စီးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းက သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီပစ္စည်းပို့ ကားဖြတ်သန်းမယ်ဆိုတဲ့သတင်းအရ CDSOM ရဲဘော်တွေ စောင့်ကြည့်ခဲ့ပြီးနောက် ပြည်သူ့ကားဟန်ဆောင်ကာ အရပ်ဝတ် ကားသမားနှစ်ဦး မောင်းနှင်လာတဲ့ ယာဉ်နဲ့အတူ သေတ္တာ ၆ လုံး၊ ပလတ်စတစ်ပုံး ၂ ပုံး၊ အိတ် ၁ လုံးနဲ့ ရဲယူနီဖောင်းတွေ၊ ဖုန်းတွေနဲ့ တခြားအသုံးအဆောင်တွေကို သိမ်းဆည်းမိခဲ့တာလို့ CDSOM က ထုတ်ပြန်ထားပါတယ်။

ကားသမားနှစ်ဦးအား စစ်ဆေးမေးမြန်းရာ စစ်ကောင်စီတပ်က အတင်းခိုင်းစေတာကြောင့် ပို့ဆောင်ပေးရကြောင်း ဝန်ခံခဲ့တဲ့အတွက် လုံခြုံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ဖို့ ဆိုပါတယ်။

ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းမှာလည်း ဒီဇင်ဘာ ၁ ရက်မနက် ၅ နာရီဝန်းကျင်က တရားမဝင်သစ်သယ် ကားလေးစီးကို ကောလင်း PDF က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းစာရင်း ကျွန်းသစ် ၁၃ တန်၊ သစ်မာ ၁၈ တန်၊ ကျွန်းတံခါးဘောင် တစ်ရာလောက်၊ ဆန်အိတ်နဲ့ ဆန်ကွဲအိတ် ၃၁၅ အိတ်၊ငွေ ဆယ်သိန်းကျော်တို့ကို ဖမ်းမိခဲ့ပြီး ငွေနဲ့ဆန်အိတ်တွေကို ရိက္ခာအဖြစ်သိမ်းဆည်းထားပြီး ကျန်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းက PDF က ဒီဇင်ဘာ ၁ ရက်နေ့မှာ  ထုတ်ပြန်ပါတယ်။

ကောလင်း PDF က ကားသမားတွေကို ကြိမ်ဒဏ်ပေးပြီး အိမ်ပြန်ဖို့ လမ်းစရိတ်ပေး စီစဉ်ပေးခဲ့ကာ တရားမဝင်စီးပွားရှာနေသူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာလည်း နိုဝင်ဘာ ၃၀ ရက်နေ့က တရားမဝင်သစ်ခိုးထုတ်နေတဲ့ ကားတွေကို ကနီပြည်သူ့ကာကွယ်တပ်မတော်အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

“ကျနော်တို့ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အရာနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာက ကျနော်တို့ PDF တွေရဲ့တာဝန်ပါ။ မြန်မာပြည်ရဲ့ သယံဇာတတွေကလည်း ကျနော်တို့ရဲ့ အမွေအနှစ်တွေပါ။ အခုလိုသစ်ခိုးထုတ်တာမျိုး နောက်ထပ် မပြုလုပ်ဖို့ ပထမဆုံးနဲ့ နောက်ဆုံး သတိပေးဖမ်းဆီးရတာလို့ ကနီပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဖမ်းဆီးခံရတဲ့ သစ်ကားအရေတွက်ဟာ ကား ၄ စီးဖြစ်ပြီး သစ်တန် ၃၀ကျော်ပါရှိကာ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024