Home
မြန်မာသတင်း
ပခုက္ကူ မြို့ မဈေးကြီးတောင်ဘက် အပြင်ဘက်တန်း ဈေးဆိုင်ခန်းများ မီးလောင်
DVB
·
November 30, 2021
262667587_2719233648379909_7811851401577464246_n
262612413_2719233321713275_1085637192775556343_n
262571540_2719233531713254_183287358003090654_n
262542781_2719233385046602_6624541326728693041_n
262895605_2719233445046596_443859578881463969_n
262856019_2719233251713282_2849065695627116657_n
262845612_2719233495046591_3684019383986384323_n
262782499_2719233288379945_8719371242939714705_n
262738207_2719233598379914_6140135855618000997_n

ပခုက္ကူမြို့ မြို့မဈေးကြီး အပြင်ဘက်တန်း အနောက်တောင်ထောင့်က ဈေးဆိုင်ခန်းတွေ  နိုဝင်ဘာ ၃၀  မနက် ၂ နာရီခွဲအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် မြို့နယ်မီးသတ် တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး တို့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၃နာရီ ကျော်အချိန်လောက်မှာ မီးလုံး၀ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်တပ်ဖွဲ့က သိရပါတယ်။

မျက်မြင်တွေ့သူတစ်ဦးက “၂ နာရီခွဲလောက်တုန်းက ဥသြဆွဲသံ ကြားရတယ်။ ပြီးမှ ဈေးမီးလောင်တယ် ကြားတော့သွားကြည့်တော့ မီးတော်တော်ကြီးတယ်။ မနက်ပိုင်းအထိ ငြိမ်းလို့ မပြီးသေးဘူး အစောလေးကမှ တစ်ခေါက်သွားကြည့်တော့ ငြိမ်းတော့ ငြိမ်းပြီး အကင်းတော့ မသေသေးဘူး။ လောင်တာကတော့ ထီဆိုင်လား စတိုးဆိုင်လားမသိဘူး ဘေးကိုတော့ နည်းနည်းကူးသွားတယ်။ အများကြီးတော့ မဟုတ်ဘူး။ မေသရဖူတို့ ယဉ်ယဉ်စတိုးတို့ ဘက်အခြမ်းက အတန်းတွေလောင်တာ၊ ဆုံးရှုံးတာ အကုန်ဘာမှကျန်တယ်မထင်ဘူး အကုန်လောင်သွားတာပဲ” လို့ ပြောပါတယ်။

မီးလောင်မှုဟာ ပခုက္ကူမြို့ အမှတ် ၉ ရပ်ကွက်၊ တန်ဆောင်တိုင်လမ်းနဲ့ ဖောင်တော်ဦး လမ်းဆုံမှာရှိတဲ့ ဆိုင်ခန်းတွေ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ကာ အမျိုးသား ၂ ဦး၊ အမျိုးသား ၃ ဦး ဆိုင်ကယ်မစီးနင်းရအမိန့် ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်သတ်ဖြတ်မှုတွေမှာ တစ်ဦးက ဆိုင်ကယ်စီးနင်းပေးပြီး တစ်ဦးက အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတာကြောင့် အခုလို အမိန့်ထုတ်ပြန်တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024