Home
မြန်မာသတင်း
သာစည်ဘူတာအနီး စျေးဆိုင်တန်း မီးလောင်
DVB
·
November 25, 2021
260536331_3734770973328559_7925549078685216098_n

မန္တလေးတိုင်း၊ သာစည်မြို့၊ အမှတ် ၅ ရပ်ကွက်၊ သာစည်ဘူတာအနားမှာ   နိုဝင်ဘာ ၂၄ ရက်ညက “ကျော်” TV ပြင်ဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်ရာက အနီးနားက ကုန်မာဆိုင်တွေကို မီး ကူးစက်ပြီး  စျေးဆိုင်ခန်း ၄ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ဘူတာနားက စျေးဆိုင်တန်းလေးမှာ မီးလောင်တာ မီးတောက်ကတော့ အကြီးကြီးပဲ။ မီးသတ်တပ်ဖွဲ့တွေ မီးထိန်းနိုင်လို့သာ တော်သေးတယ်။ အနီးအနားက မူကြိုကျောင်းနဲ့ လမ်းတဘက်မှာ မူလတန်းကျောင်းရှိနေတယ်"လို့ ပြောပါတယ်။

ကျော် TV ပြင်ဆိုင်ပိုင်ရှင် ဦးကျော်ကျော်(ခ)ဦးကျော်စွာထွန်းကို သာစည်မြို့မရဲစခန်းမှာ လျှပ်စစ်မီး ပေါ့ဆစွာ သုံးစွဲလို့ မီးပေါ့ဆမှုနဲ့ အမှု ဖွင့်ထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့က  လူနေ နှစ်ထပ်အိမ်တစ်လုံး၊ မလှိုင်မြို့က လမ်းဦးစီးဌာနဝင်းထဲက  လူနေအိမ် တစ်လုံး၊ သာစည်မြို့က  စျေးဆိုင်ခန်း ၄ ခန်း  မီးလောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024