Home
မြန်မာသတင်း
ဘိုကလေးတွင် နိုင်ငံသားအထောက်အထားမဲ့ အယောက် ၃၀ ဖမ်းမိ
DVB
·
November 11, 2021
255333821_1220763881741286_1901122274745864510_n
253555259_1220763981741276_5395469024923108881_n
252012268_1220763921741282_3095550047885938410_n

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမရှိသူ အယောက်  ၃၀ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ရွာသစ်ကျေးရွာ အပိုင်ထဲဝင်ရောက်လာတဲ့ မသင်္ကာစရာ ချွန်းစက်လှေကို မနက် ၈ နာရီလောက်က စစ်ဆေးရာကနေ နိုင်ငံသား အထောက်အထားမဲ့ အမျိုးသား ၅ ယောက် ၊ အမျိုးသမီး ၂၅ ယောက်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပိုက်စလကျေးရွာသား စက်လှေမောင် အောင်နိုင်စိုးနဲ့ အကူလိုက်ပါလာသူ ဌေးကြိုင်နဲ့ အငယ်ကောင်တို့ကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့သူတွေရဲ့ ထွက်ဆိုချက်အရ နိုင်ငံသားအထောက်အထားမဲ့ အယောက် ၃၀ ကို ရန်ကုန်တိုင်း၊ တွံတေးမြို့ကို ပို့ဆောင်ပေးဖို့အတွက် ခေါ်ဆောင်လာစဉ် ဘိုကလေးမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းမိခဲ့သူတွေကို ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး ရဲနဲ့ လဝက ဝန်ထမ်းတွေက ပူးပေါင်းစစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024