Home
မြန်မာသတင်း
ပခုက္ကူမြို့ဝင်ဂိတ်များတွင် စစ်ကောင်စီတပ်က ငွေကြေးတောင်းခံ
DVB
·
October 27, 2021
249190650_2696611180642156_8065423355665247944_n
249158074_2696611283975479_5333946262182180302_n
242381668_253711886599264_5525027280498420255_n
249456981_2696611057308835_458148960336472501_n
249397551_2696611240642150_54198033383874882_n
249268329_2696611110642163_5914194134624757980_n

ပခုက္ကူမြို့မှာ မြို့ဝင်ဂိတ်တွေမှာ တာဝန်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ဝင် မြို့ထွက် သွားလာသူတွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပခုက္ကူမြို့ဟာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး မြို့ဝင် မြို့ထွက်ရာတွေမှာ ဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေ မြို့ပေါ်ဈေးတွေမှာလည်း ဈေးသည်တွေကို အဝင်အထွက်တွေမှာ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ပခုက္ကူမြို့မှာ နေထိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။ 

“မြို့အဝင်အထွက်တိုင်းမှာ ဂိတ်တွေရှိတယ်။ ဈေးရောင်းဈေးဝယ် မြို့ထဲဝင်လာတဲ့သူတွေကို ဖမ်းတယ်၊ ငွေတောင်းတယ်၊ ပြန်လွှတ်တယ်။ မပေးရင် ပြန်မလွှတ်ဘူး၊ ဆဲဆိုတယ်၊ ဖားခုန်ခိုင်းတယ်၊ သေနတ်ဒင်နဲ့ခေါင်းကို ရိုက်တယ်၊ ငွေပေးတဲ့သူတွေကို သွားခွင့်လာခွင့်ပေးတယ်။ ဧရာဝတီတံတားထိပ်က တခြားမြို့တွေက ဝင်လာတဲ့ကားတွေဆိုရင် မြို့ထဲဝင်ဖို့  အဲဒီစစ်ခွေးဓားပြတွေကို ပိုက်ဆံပေးရတယ်။ ကျန်းမာရေးအတွက် ဆေးခန်းသွားချင်တာတောင် မသွားရဲဘူး။ နေမကောင်းလို့ မသေဘူး။ အပြင်ထွက်ရင် သူတို့သတ်လို့ သေမှာ။ နေမကောင်းလို့ ဆေးခန်းပြချင်လို့ ထွက်လာတာ ပြောလည်း နေမကောင်းတာတွေ ဘာတွေ သူတို့က နားမလည်ဘူး။ ဒုက္ခ သက်သက်ပေးပြီး နှိပ်စက်နေတာပါ။”

ပခုက္ကူမြို့ထဲ ဝင်ဖို့အတွက် အဝင်ဂိတ်တွေမှာ ငွေတောင်းခံပြီး စိစစ်နေတဲ့အတွက် ပခုက္ကူ ဧရာဝတီတံတား အရှည်နှစ်မိုင်ခွဲလောက်ကို တစ်နာရီခွဲကြာတဲ့အထိ စောင့်ဆိုင်းခဲ့ရတယ်လို့လည်း ယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။ 

ပခုက္ကူမြို့ဟာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အိမ်အပြင်ထွက်ခွင့်နဲ့ မြို့ဝင်ခွင့်ပိတ်ထားတဲ့မြို့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024