Home
မြန်မာသတင်း
မင်းကင်းမြို့နယ်၌ စစ်ကောင်စီတပ်များဝင်လာသဖြင့် ရွာသားများ မိုးရွာထဲ ထွက်ပြေးနေရ
DVB
·
October 26, 2021
248926147_558528298556699_7792428598431035277_n
248919960_558528338556695_2766383498259302271_n
248873733_558528268556702_7834395486646413099_n
247189962_558528225223373_3910751391148288160_n

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက  စစ်ကောင်စီတပ်တွေ အင်းအား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေ မိုးရွာထဲမှာ ထွက်ပြေးနေရရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မင်းကင်းမြို့နယ် အင်တော၊ ညောင်ပင်သာ၊ အုန္နဲဘုတ်၊ ဘင်၊ အနောက်တောကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီနေ့ညနေ  ၅ နာရီဝန်းကျင်လောက်က  အင်အား ၁၅၀ ကျော်နဲ့ ဝင်ရောက်တာပါ။

“ဒီနေ့ မိုးကလည်း  ရွာတယ်ဗျာ။ ကျနော်တို့ ဒုက္ခတွေ ‌အတော်ရောက်တယ်ပေါ့ဗျာ။ ဒီကောင်တွေက လူစိတ်ရှိတဲကောင်တွေ မဟုတ်ဘူး။ မဲမဲမြင်ရာ အကုန်ပစ်တာ။ ပိုဆိုးတာ ပျူစောထီးဆိုတဲ့ ကောင်တွေက လက်ထဲသေနတ်ရောက်တာနဲ့  လက်တည့်စမ်းချင်နေကြတာ။ လက်နက်လေး တကားကားနဲ့။ သူတိုဘက်က သေနတ်အစစ်နဲ့  ကိုယ့်ဘက်က သုံးစားမရတဲ့ တူမီးလေးနဲ့ အလုပ်မဖြစ်ပါဘူး” လို့  မင်းကင်းမြို့နယ် အနောက်တော ရွာသား တစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ကနီမြို့နယ်အတွင်း ခိုလှုံနေကြသလို မုံရွာ၊ ဟုမ္မလင်းမြို့တွေမှာ  မိသားစုလိုက် ပြောင်းရွှေ့နေထိုင် နေရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024