အရာတော်မြို့နယ်က မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
DVB
·
October 22, 2021
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာအနီးက မိုင်တဲလ်တာဝါတိုင်စက်ခန်းကို အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီလောက်မှာ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုတွေက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
အောင်သာကုန်းကျေးရွာအနီးမှာရှိတဲ့ Mytel တာဝါတိုင်စက်ခန်းကို ARA က ဗိုလ်ဘုန်းနိုင် A.B.N PDF အဖွဲ့နဲ့ သပြေညို ပြောက်ကျားတပ်ဖွဲ့တို့က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ကြေညာထားပါတယ်။
အရာတော်မြို့နယ်မှာ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ၁၄ တိုင်လောက် ဖောက်ခွဲဖျက်ဆီးပြီးပြီလို့ သိရပါတယ်။