Home
မြန်မာသတင်း
သံဖြူဇရပ်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခံရ
DVB
·
October 20, 2021
246765188_176726084622164_7419747877524809396_n
246713406_176725197955586_6034951734549691559_n
246623586_176725454622227_1949761185569065066_n
244657833_176725391288900_6298058345926670985_n

မွန်ပြည်နယ်  သံဖြူဇရပ်မြို့  အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး  အောက်တိုဘာ ၁၉ ရက်နေ့  ညနေ  ၅ နာရီလောက် ချိန်ကိုက်မိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရတယ်လို့  ရေး PDF က ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက်ရုံးအဆောက်အဦရဲ့ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးတာ ရှိမရှိတော့ မသိရှိရသေးပါဘူး။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခဲ့တာ ချိန်ကိုက်လှုပ်ရှားမှုသာဖြစ်ပြီး  ရေး PDF နဲ့ သံဖြူဇရပ် PDF တို့ရဲ့ ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က သံဖြူဇရပ်မြို့အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကို အလုပ်အကျွေးပြုနေတဲ့ သတင်းပေးဒလန်တွေ၊ Non-CDM တွေ၊  ပျူစောထီး အဖွဲ့၀င်တွေနဲ့ အခြား စစ်ကောင်စီရဲ့ လက်ပါးစေမှန်သမျှကို သုတ်သင်ရှင်းလင်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024