Thursday, June 8, 2023
HomeLead Storyစစ်ကြောရေးတွင် သေဆုံးသွားပြီဆိုသည့် ကိုလင်းပိုင်စိုးနှင့်ပတ်သက်၍ စစ်ကောင်စီ အကြောင်းမကြားသေး

စစ်ကြောရေးတွင် သေဆုံးသွားပြီဆိုသည့် ကိုလင်းပိုင်စိုးနှင့်ပတ်သက်၍ စစ်ကောင်စီ အကြောင်းမကြားသေး

စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့  သတင်းထွက်နေတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုလင်းပိုင်စိုးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အကြောင်းကြားတာမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုလင်းပိုင်စိုးဟာ ဖမ်းဆီးခံရစဉ်ကတည်းက စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်ရိုက်နှက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ စစ်ကြောရေးကိုရောက်ရှိခဲ့ပြီး သေဆုံးတာဖြစ်တယ်လို့ ကိုလင်းပိုင်စိုးနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကပြောပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ သီးခြားအတည်ပြု နိုင်တာတော့ မရှိသေးပါဘူး။ 

ကိုလင်းပိုင်စိုး သေဆုံးတာကို သေဆုံးပြီး ၁၈ ရက်အကြာမှာ အသိမိတ်ဆွေတွေ သိခဲ့ရတာဖြစ်ကာ မိသားစုဝင်တွေဆီ တရားဝင်အကြောင်းကြားတာလည်း မရှိသေးပါဘူး။

“စစ်တပ်ဘက်က အကြောင်းကြားလာတာမရှိသေးဘူး။ အရင်တုန်းက စစ်ကြောရေးမှာ သေရင် အကြောင်းကြားကြတယ်လို့ သိရတယ်။ အခုကတော့ စုံစမ်းဆဲအခြေအနေပဲ” လို့ ကိုလင်းပိုင်စိုး ရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တအိမ်ကို ဝင်ရောက်ရှာဖွေပြီး ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုလင်းပိုင်စိုး အပါအဝင် (၃) ဦးကို ဖမ်းဆီးသွားကာ တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တဲ့အချိန် နေအိမ်ကို အလည်ရောက်နေတဲ့ သူနာပြုဆရာမ မကြည်ကြည်ဝင်းကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုလင်းပိုင်စိုး ဟာ ကျောက်ဆည်နည်းပညာတက္ကသိုလ် ဒြပ်သတ္တုပိုင်းဆိုင်ရာဘာသာ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular