
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် အကွက်မှူး တယောက် အောက်တိုဘာ ၃ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။
ကန်သာယာရပ်ကွက် ၅၈ လမ်း၊ ၁၀၃ လမ်းက အကွက်မှူး ဦးအောင်မိုး (ခ) စိုးမိုးအောင် အိမ်ကို အမည်မသိသူတွေက ဆိုင်ကယ်နဲ့လာပြီး ဝင်ရောက်ပစ်ခတ်တာကြောင့် ရင်ဘတ်နဲ့ လက်မောင်းတွေမှာ သေနတ်မှန်တယ်လို့ ပြောကြပါတယ်။
“သေနတ်နဲ့ ပစ်ခံရသူက စစ်ကောင်စီသတင်းပေး အကြီးစားပဲ။ သူပဲ တော်တော်များများ သတင်းပေးတိုင်နေတာ။ ပစ်ခံရပေမဲ့ မသေဘူးကြားတယ်” လို့ ရပ်ကွက်နေပြည်သူ တစ်ဦးက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရပြီး မကြာခင် အာဏာသိမ်းစစ်ကောင်စီတပ်တွေ ရောက်လာပြီး အနီးဝန်းကျင်မှာ စစ်ဆေးတာနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေနေပါတယ်။